ဘ၀စာမျက်နှာ အပိုင်းအစများ

မင်းသိင်္ခ

1000 Kyats ကျပ်
ဆားပုလင်းနှင်းမောင်နဲ့ စနေမောင်မောင်တို့လို ဟီးရိုးဇာတ်ကောင်တွေကို ဖန်တီးပြီး လျှို့ဝှက်ဆန်းကြယ် စုံထောက်ဝတ္ထုတွေနဲ့ ဂမ္ဘီရလောက နောက်ခံ အဖြစ်အပျက်နဲ့ ကျင့်စဉ်တွေကို ရေးဖွဲ့ ဖော်ပြခဲ့သူ စာရေးဆရာကြီး မင်းသိင်္ခရဲ့ ဘဝနောက်ကြောင်းဟာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီစာအုပ်ကတော့ ဆရာကြီး ကိုယ်တိုင် ရေးသားထားတဲ့ ‘ကိုယ်တိုင်ရေး ဘဝဖြစ်စဉ်’ စာအုပ်ပါ။ မင်းသိင်္ခရဲ့ အတ္ထုပ္ပတ္တိ စာအုပ်လို့ ပြောနိုင်ပါတယ်။ ဆရာကြီးရဲ့ မိသားစု၊ ဖခင်ဖြစ်သူ ပန်းချီဆရာကြီး ဦးစံရှိန်နဲ့ မိခင် ဒေါ်တင်၊ မင်းသိင်္ခ (ခ) အောင်ထွန်း ကျောင်းသားဘဝ စတဲ့ မှတ်တမ်း ဓာတ်ပုံတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိ ဆန်ဆန် ရေးသားထားတာ မဟုတ်ဘဲ ဆရာမင်းသိင်္ခက သူ့ဘဝနောက်ကြောင်းကို ပြန်ပြောပြထားဟန်နဲ့ ရေးသားတာမို့ ဖတ်လို့ အရမ်းကောင်းပါတယ်။