လျှပ်ခက် ဘူဖေးများ ဝတ္ထုတိုစုစည်းမှု

မင်းသရ

200 Kyats ကျပ်
အက်ဆေးဆန်ဆန်၊ ဝါကျတည်ဆောက်ပုံ ဆန်းသစ်တဲ့ ခေတ်ပြိုင်အရေးအသားတွေနဲ့ ဝတ္ထုတိုတွေကို ဖတ်ကြရမယ့် ‘လျှပ်ခက် ဘူဖေးများ (ဝတ္ထုတိုစုစည်းမှု)’ ။ ဒီစာအုပ်လေးက မော်ဒန်ဝတ္ထုတိုဟန် စုစည်းမှု ဆိုပေမဲ့ လူတွေရဲ့ စိတ်နဲ့ ဘဝသရုပ်ကို ပီပီပြင်ပြင် ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေမို့ စာချစ်သူတို့ အကြိုက်ဖြစ်မှာပါ။ လူ့ဘဝမှာ အဖြစ်အပျက် ဇာတ်လမ်းတွေက အမျိုးမျိုး အဖုံဖုံ ရှိကြတယ် မဟုတ်လား။ ဒီလို စုံလင်တဲ့ လူ့လောကထဲက လူတွေရဲ့ အကြောင်းအရာတချို့ကို ရှုထောင့်တစ်မျိုးကနေ ရေးသားထားတဲ့ ဒီစာအုပ်မှာတော့ - ကစားပွဲ၊ ရောက်တတ်ရာရာ၊ နာရီရောင်းသူများ … ဆိုတဲ့ ဝတ္ထုတို (၃)ပုဒ် ပါဝင်ပါတယ်။ ဖတ်ရှု ခံစားကြည့်ပြီး ကိုယ့်ရဲ့ အမြင်တွေ မျှဝေခဲ့ပါဦးခင်ဗျ။