နံပါတ်နည်းတဲ့ ပြက္ခဒိန်

မင်းသရ

200 Kyats ကျပ်
လူငယ်ဆန်ဆန် အချစ်ခံစားမှု ဝတ္ထုမျိုးကိုမှ ခံစားဖတ်ရှုချင်သူတွေအတွက် လူငယ်စာရေးဆရာ မင်းသရရဲ့ ‘နံပါတ်နည်းတဲ့ ပြက္ခဒိန်’ ဇာတ်လမ်းလေးက အကြိုက်တွေ့စေမှာပါ။ ဟိုနေရာစပ်စပ်၊ ဒီနေရာစပ်စပ်၊ အားလုံးကို စိတ်ဝင်စားတတ်တဲ့ ကောင်လေးနာမည်က သီဟ။ သူ့ကို သူငယ်ချင်းတွေ ခေါ်တဲ့ နာမည်က စွယ်စုံတဲ့။ စွယ်စုံတစ်ယောက် ရပ်ကွက်အသစ်မှာ အလုပ်သစ် ဆိုင်လာဖွင့်ရင်း အရမ်းလှတဲ့ မမတစ်ယောက်နဲ့ တွေ့တယ်။ တွေ့တွေ့ချင်းပဲ ချစ်တဲ့စိတ်က ထိန်းမနိုင် သိမ်းမရ။ ဒီမမနဲ့ ရင်းနှီးခွင့်ရဖို့၊ ချစ်ခွင့်ရဖို့ ကြိုးစားရင်း၊ ပရဟိတ ကိစ္စတစ်ခုကြောင့် မမရဲ့ အသိအမှတ်ပြုမှု၊ ရင်းနှီးမှုတွေ ရခဲ့ပါတယ်။ မနဲ့ မောင် အချစ်ဇာတ်လမ်းမျိုး ဆိုပေမဲ့ သမရိုးကျအတိုင်း ဖတ်ရမယ့် ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူး။ ထင်မထားတဲ့ အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းကို လှလှပပ တင်ဆက်ထားပုံက စာဖတ်သူကို လှိုက်ခနဲ ဖြစ်သွားစေမှာပါ။ ခံစားမှုကို သေသေသပ်သပ် ပုံဖော်ပြီး အရေးအသားထဲ စီးမျောသွားစေမယ့် ရင်နင့်စရာ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။