တစ်ဖက်ကမ်းမှ ပန်းချီကားတစ်ချပ်

မင်းသရ

300 Kyats ကျပ်
ထူးထူးခြားခြား သရဲဇာတ်လမ်းတစ်ပုဒ်ကိုများ ဖတ်ချင်ပါသလား မိတ်ဆွေ။ ဒီစာအုပ်လေးကို ရွေးလိုက်ပါ။ သရဲဇာတ်လမ်းဆိုလို့ ကြက်သီးထမသွားနဲ့ဦး။ အရင်က ဖတ်ဖူးနေကျ သရဲဇာတ်လမ်းတွေလို အသည်းတုန် အူတုန်ပြီး ချောက်ချားနေရမှာမျိုး မဟုတ်ဘဲ ကြောက်စရာနည်းနည်း၊ ရယ်စရာများများ ခံစားရမယ့် ဟာသသရဲပါ။ တစ်ခုတော့ ရှိတယ်၊ ရယ်စရာတွေ၊ ကြောက်စရာတွေ ပါဝင်သလို စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာလေးတွေလည်း ပါဝင်ပါတယ်။ ရယ်စရာသရဲဇာတ်လမ်းဆိုလို့ ပြောရဦးမယ်။ သရဲက လူရွှင်တော်သေပြီး အစွဲကြီးမိလို့ သရဲကြီးဖြစ်၊ ဇာတ်ကရင်း သေတဲ့ လူရွှင်တော်သရဲမို့ ဒင်းက လူတွေကို ခြောက်သာခြောက်တယ်၊ ဟာသတွေလျှောက်လုပ်ပြီး ခြောက်တာမျိုး။ ဘာဖြစ်ဖြစ် လူဆိုတာက သရဲခြောက်ခံရတယ်ဆိုမှတော့ ဟာသဖြစ်အောင်ခြောက်ခြောက်၊ ကြောက်အောင် ခြောက်ခြောက်၊ ဘယ်လိုခြောက်ခြောက် ကြောက်မှာပဲ မဟုတ်လား။ ကဲ … ဆရာမင်းသရရဲ့ ရသအသစ်နဲ့ ဖန်တီးထားတဲ့ ဟာသသရဲဇာတ်လမ်းလေးကို ဖတ်ကြည့်လိုက်ပါဦး။