ပညာရေး... ပညာရေး ရှက်ဖွယ်...ရှက်ဖွယ်

မင်းသစ်

1000 Kyats ကျပ်
တိုင်းပြည်တစ်ပြည်နဲ့ ပြည်သူတွေရဲ့ အသက်သွေးကြောဟာ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတွေပဲ ဖြစ်ပါတယ်။ ပညာရေးနောက်ကျလျှင် လူမျိုးအောက်ကျပါလိမ့်မယ်။ နိုင်ငံတိုင်းမှာ ပညာရေးဆိုတာ နိုင်ငံ့အနာဂတ်လို့ ခံယူထားကြပါတယ်။ ပညာရေးလမ်းကြောင်းမှန်ရင် တိုင်းပြည်တိုးတက်နေမှာ သေချာပါတယ်။ မြန်မာနိုင်ငံ၏ ပညာရေးအနာဟောင်း၊ အနာဆွေးကြီးထဲမှာ သွေးပုတ်ပြည်ပုပ်တို့ကို ရဲရဲကြီးဖောက်ထုပ်နိုင်စေဖို့ ရည်ရွယ်ပြီး ရေးသားထားတဲ့ ဆရာမင်းသစ်ရဲ့ "ပညာရေး......ပညာရေး....ရှက်ဖွယ်.......ရှက်ဖွယ် " စာအုပ်လေးကို စာချစ်သူတို့အတွက် မိတ်ဆက်ပေးလိုက်ရပါတယ်။ မြန်မာ့ပညာရေးစနစ်ရဲ့ အားနည်းချက်များ၊ ပြုပြင်ပြောင်းလဲရန် လိုအပ်တဲ့ အချက်များကို ရှင်းလင်းတင်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့အတွက် ပညာရေးအကြောင်း တစ်စေ့တစ်စောင်းကို မီးမောင်းထိုးပြနေတဲ့ စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါတယ်ရှင်။