လွန်လေပြီးသောနှလုံး

မင်းလူ

1000 Kyats ကျပ်
- - “ဦးနှောက်ဆိုသည်မှာ ရက်စွဲတပ်ထားခြင်းမရှိသော ဒိုင်ယာရီတစ်ခုပင်” တဲ့။ ကျနော်ကတော့ “နားမလည်ခြင်းဒိုင်ယာရီ” ကို အရင်ဆုံး ဖတ်စေချင်တယ်။ ငယ်ငယ်လေးတုန်းက တွေးမိတဲ့ အတွေးလေးတွေ၊ မြင်တဲ့အမြင်တွေ၊ လုပ်ခဲ့မိတဲ့ အမှားသေးသေးလေးတွေကို အရွယ်ရောက်ချိန်မှာ ကြုံရတဲ့ မျက်နှာဖုံးတပ် လူတွေရဲ့ အပြုအမူတွေနဲ့ ယှဉ်ထိုးပြထားတာ။ ဇာတ်လမ်းရိုးရိုးလေးနဲ့ ဖတ်ရတာ သိပ်အရသာရှိတဲ့တစ်ပုဒ်ပေါ့။ - - နောက်ထပ် ပေါ်လာတာကတော့၊ ခံစားချက်များ တိုက်ဆိုင်ရင် ရင်ထဲမှာ တစ်ဆို့ကြီး ဖြစ်သွားစေမယ့် ဇာတ်လမ်းတစ်ပုဒ်ပဲ။ “ကျွန်မတို့ဟာ စိတ်သဘောထားချင်း တိုက်ဆိုင်ပါတယ်။ အစွဲအလမ်းကြီးတဲ့နေရာမှာပေါ့” တဲ့။ အတိတ်မှာ မေ့မရတဲ့သူတွေရှိတဲ့ လူနှစ်ယောက်ဟာ၊ သူငယ်ချင်းတွေက ဘယ်လိုပဲအရောက်ပို့ပို့ သူတို့ရဲ့ အချစ်သစ္စာကို ဆုပ်ကိုင်ထားတဲ့အကြောင်း။ သစ္စာတရားနဲ့ အစွဲအလမ်းကြီးမှုတို့က တော်တော်ပြင်းအားကြီးတယ် ဆိုတာကို နှလုံးသားနဲ့ရင်းပြီး ခံစားမိသွားလိမ့်မယ်။