ချစ်မှာလားကွယ် ကြိုက်မှာလားကွယ် မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ရယ်

မင်းလူ

800 Kyats ကျပ်
ညီအကိုမောင်နှမ မိတ်ဆွေသူငယ်ချင်း ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွင်းမှာ အများတကာက ကိုယ်စီကိုယ်စီ ဘဝလက်တွဲဖော်တွေနဲ့ ပျော်ရွှင်နေကြချိန် တစ်ကိုယ်တည်းထီးထီး လူပျိုကြီးဖြစ်နေရတဲ့သူတွေကို တွေ့ဖူးကြမှာပါ။ ဆရာ မင်းလူက ဒီဝတ္ထုမှာ သူရဲ့ ဇာတ်ကောင် မင်းမျိုးကို အဲဒီလို လူပျိုကြီးဘဝနဲ့ စတင် သရုပ်ဖော်ထားပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေက အတွဲအသီးသီးနဲ့မို့ သူတို့ရဲ့ နီးစပ်ရာ မိန်းကလေးတွေကို မင်းမျိုးနဲ့ စပ်ဟပ်ပေးကြတာက ထုံးစံလိုဖြစ်နေပါပြီ။ ဒါပေမယ့် မင်းမျိုးဆိုတာက မိန်းကလေးတစ်ယောက်နဲ့ ချိတ်မိဖို့ သူငယ်ချင်းတွေက ဖန်တီးမိတ်ဆက် ပေး၊ နှစ်ယောက်တည်း ကြူလို့ရအောင် ရှောင်ပေးတာတောင် တစ်ဖက်မိန်းကလေးကို အမေရိကန်နဲ့ ဆိုဗီယက် ထိပ်သီးဆွေးနွေးပွဲအကြောင်း အူကြောင်ကြောင်နဲ့ စကားစတတ်တဲ့ သူမျိုးပါ။ ဒီတော့လည်း လူပျိုကြီးဖြစ်တာဟာ မဆန်းလှပါဘူး။ သို့ပေမယ့် လူ့သဘာဝဆိုတာ လွန်ဆန်လို့မှမရတာ။ အချိန်တန်တော့လည်း အချစ်ဆိုတာက မင်းမျိုးရဲ့ ဘဝထဲကို စိုက်စိုက်မြိုက်မြိုက် ရောက်လာတဲ့အခါမှာတော့ အူကြောင်ကြောင် မင်းမျိုးတစ်ယောက်ကြောင့် ဒီဇာတ်လမ်းမှာ အချစ်နဲ့ ဟာသကို တစိမ့်စိမ့်ဖတ်ရင်းတွေးရင်း ကြည်နူးရယ်မော လက်ကမချနိုင်အောင် စွဲမက်ကြရမယ်ဆိုတာ သေချာပါတယ်။