အရာရာတိုင်းဟာ မင်းထင်သလို မဟုတ်ဘူး

မင်းထက်နေနိုင်

1000 Kyats ကျပ်
ဆရာမင်းထက်နေနိုင်ရဲ့ ဒဿန စုစည်းမှု စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာအုပ်ထဲမှာ အတွေး ဒဿန အပုဒ်ပေါင်း (၇၃) ပုဒ် ပါဝင်ပါတယ်။ ဒီ ဒဿနပေါင်း (၇၃) ပုဒ်ကို ရေးသားဖို့အတွက် စာရေးသူဟာ အချိန် (၅) နှစ် ယူခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဒီ (၇၃) ပုဒ်မှာ ပါဝင်တဲ့ ဒဿနတွေကို ရရှိဖို့အတွက်တော့ တစ်ဘဝလုံး အချိန်ယူခဲ့ရသလို၊ တချို့ ဒဿနတွေအတွက် တစ်ဘဝလုံး ရင်းခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။ ဒဿနတချို့ကို မြည်ကြည့်ကြပါဦး။ ‘ကိုယ်နဲ့ ထိုက်တန်တဲ့ အရာသာ ကိုယ့်ဆီကို ရောက်လာမှာ ဖြစ်တယ်။ အဲဒီလို တွေးပြီးတည်းက လူ့ဘဝမှာ နေရထိုင်ရ ပိုအဆင်ပြေလာတယ်’ ‘တချို့လူတွေနဲ့ မတွေ့ခဲ့ကြရင် ကောင်းမှာဆိုတဲ့ အသိကိုရဖို့ တချို့လူတွေနဲ့ တွေ့ခဲ့ရတယ်။ တချို့သော သူတွေကို ချစ်ခဲ့ရတယ်’ ‘မင်းကတော့ ထင်မှာပေါ့။ ငါဟာ သည်းခံခွင့်လွှတ်သူလို့၊ တကယ်က ပြန်လုပ်လို့ရမယ့် အချိန်ကို မရောက်သေးလို့ပါ’ (မင်းထက်နေနိုင်) ကဲ … ဒဿနတွေကို ကြိုက်သူတွေအတွက် ဒီစာအုပ်လေးကို မြည်းစမ်းခံစားကြည့်နိုင်ပါပြီနော်။