လူငယ္အာဟာရ

မင်းတခေတ်

400 Kyats ကျပ်
...လူငယ်တွေနဲ့ ပတ်သက်ပြီး ရဲရင့်ခြင်းက စပြောရမယ်ဆိုရင် လူငယ်တွေဟာ အသက်အရွယ် အသိဉာဏ် အတွေ့အကြုံ နည်းပါးသေးတဲ့အတွက် အလုပ်တစ်ခု ကိစ္စတစ်ခု လုပ်တော့မယ်ဆိုရင် ရှေ့ရေးနောက်ရေး သိပ်မတွေးတောတတ်ကြဘူး။ လုပ်စရာရှိတာကို လုပ်လိုက်ရဖို့ပဲ ဆန္ဒရှိပါတယ်။ ဘာမှ ဆိုးကျိုး ကောင်းကျိုး ထည့်မစဉ်းစားတတ်တော့ သူတို့ပြုမူလိုက်တဲ့ ကိစ္စတစ်ခုဟာ ဆိုးတာတွေ ဖြစ်လာနိုင်သလို ကောင်းတာတွေလည်း ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် လူငယ်တွေဟာ ရှည်ရှည်ဝေးဝေး သိပ်မစဉ်းစားတတ်သေးတဲ့အတွက် သူတို့လုပ်ချင်တဲ့အရာကို သတ္တိရှိရှိ ရဲရဲရင့်ရင့် လုပ်ဖြစ်အောင် လုပ်ကြမှာပါပဲ။ ဒါဟာ လူငယ်တစ်ယောက်ရဲ့ ရိုးသားတဲ့ သတ္တိပါ။ ဒါပေမဲ့ သတ္တိကို တလွဲအသုံးချလိုက်မယ်ဆိုရင်တော့ လမ်းလွဲပေါ် ရောက်သွားပြီး မိုက်ရူးရဲခြင်းဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်သွားပါပြီ။ ဥပမာ … ။