THE VILLAGE

မင်းတခေတ်

500 Kyats ကျပ်
ဒီစာအုပ်ဟာ ဆရာ့ရဲ့ (၁၅) အုပ်မြောက် အထူးထုတ်ပဲ ဖြစ်ပါတယ်။ အထူး ဆိုတဲ့အတိုင်း၊ ဝတ္ထုဇာတ်လမ်းကလည်း တော်တော် ထူးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂,၀၀၀) ခန့်က နိုင်ငံငယ်လေး တစ်ခုမှာ ရွာတစ်ရွာ ရှိခဲ့ဖူးတယ်တဲ့။ အဲ့ဒီရွာရဲ့ နာမည်က ‘အပြုံးရွာ’ လို့ ခေါ်တယ်။ ရွာသူရွာသား အားလုံး စိတ်သဘောထား ဖြူစင်ကြတယ်။ ရိုးသားတယ်။ ကူညီတတ်တယ်။ ရန်ဖြစ်တယ် ဆိုတာ ကြားတောင် မကြားဖူးကြတဲ့ ရွာကလေး။ စီးပွားရေးလည်း ကောင်းတယ်။ ဒါပေမဲ့၊ အဲ့ဒီ ရွာကလေးက အခုချိန်မှာတော့ နာမည်နဲ့ ဖြစ်ပုံနဲ့ ဘာမှကို မဆိုင်တော့ဘူး။ ဘာလို့လဲ ဆိုတော့၊ အဲ့ဒီ ရွာကလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်စပြီး အပြုံးအရယ်တွေ ပျောက်ဆုံးကြကုန်ခဲ့လို့ပါပဲ။ အပြုံးရွာကလေးရဲ့ ဂုဏ်သတင်းက တစထက်တစ တိမ်ကော ပျောက်ကွယ်ခဲ့တယ်။ ဘာကြောင့် ဖြစ်သွားတာလဲ ဆိုတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ တင်ဆက်လိုက်ပါတယ်။