ကော်ဖီည

မင်းခိုက်စိုးစန်

800 Kyats ကျပ်
လူဘဝမှာ အခြားပြင်ပအရာဝတ္ထုတွေကို မြင်နေဖို့ထက် မိမိကိုယ်ကို မိမိပြန်မြင်ဖို့က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါဟာ ခေတ်ဆန်ဆန်လူငယ်တစ်ယောက်ရဲ့ ကျယ်ပြန့်တဲ့ အတွေးအမြင်တစ်ခုဖြစ်တယ်ဆိုရင် အရမ်းပဲထူးဆန်း သွားမလား။ မထူးဆန်းပါနဲ့။ ဆရာမင်းခိုက်စိုးစန်ရဲ့ “ကော်ဖီည” မှာ ချစ်ခြင်းတရားနဲ့အတူ အဲဒီလို အတွေးအမြင်တွေနဲ့ ပေါင်းစပ်ထားတဲ့ ဇာတ်ကောင်စရိုက်တွေကို တွေ့ရမှာပါ။ နှလုံးသားနှစ်ခု မနာကျင်ရအောင် ကာကွယ်ဖို့ ကြိုးစားရင်း နာကျင်စရာတွေဟာ ကြောက်မက်ဖွယ်ရောဂါတစ်ခုလို ဖြစ်လာရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဝေဒနာ။ အဲဒီလို ကာကွယ်ရင်းနဲ့ပဲ တစ်ဖက်လူကို ချစ်မိမသွားဖို့ ထိန်းချုပ်ထား ခြင်းက ကိုယ့်နှလုံးသားအတွက်ကျတော့ ကိုယ်ဟာ ရက်စက်သူတစ်ယောက် ဖြစ်နေတဲ့အခါ ...။ “ကော်ဖီည” က စာဖတ်သူကို ဆွဲဆောင်ပြုစားမှု ပြင်းထန်လွန်းအားကြီးတဲ့ ဆရာမင်းခိုက်စိုးစန်ရဲ့ အနုပညာတစ်ရပ်ဖြစ်တာ သေချာပါတယ်။