သူမသာမျောက်တစ်ကောင် ဖြစ်သွားတယ်ဆိုပါစို့

မင်းခိုက်စိုးစန်

800 Kyats ကျပ်
အေးအေး ငြိမ့်ငြိမ့်လေး ဝတ္ထု ဖတ်ချင်သူတွေ အတွက် ရည်ရွယ်ပါတယ်။ လေကို ရှူရှိုက်ဖို့အတွက် သက်သက်သာလျှင် အသက်ရှင်နေထိုင်ခြင်း ဖြစ်တယ် ဆိုတဲ့ ‘ငှက်ခါး’ နဲ့ ကမ္ဘာမြေကြီး ဘာဖြစ်လို့ ဖြစ်မှန်း မသိလိုက်တဲ့ ‘ကြက်ဖကြီး’ ၊ တစ်သက်တာလုံး လှေတစ်စင်းထဲကို မပြီးနိုင် မစီးနိုင် ဆောက်နေတဲ့ အလုပ်နဲ့ အဲ့ဒီ လှေကလွဲလို့ တခြား လုပ်စရာ ဘာမှ မရှိတဲ့ ‘ရေမြင်း’ ။ ဝတ္ထု အစမှာ ရှိနေတဲ့ သူတို့ သုံးယောက်နဲ့တင် မင်းခိုက်စိုးစန်ရဲ့ ဇာတ်လမ်းက ဘယ်လိုလဲ ဆိုတာ တော်တော် ခေါင်းစားရပါတယ်။ ဒီလို ဇာတ်လမ်းမျိုး တစ်ခါမှလည်း မဖတ်ဖူးဘူး။ စာဖတ်သူလည်း ပုံစံတူ ဇာတ်လမ်းမျိုးတောင် မြင်ဖူးမှာ မဟုတ်ပါဘူး။ ဘာမှန်းမသိတာကို ဖတ်နေရင်းနဲ့ တစ်ခုခုကို သိသွားတယ် ဆိုတဲ့ feeling မျိုး ရချင်တယ် ဆိုရင်တော့ ဒီဝတ္ထုကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။