တစ္ဆေတစ်ကောင်ရဲ့ သေတမ်းစာ

မင်းခိုက်စိုးစန်

800 Kyats ကျပ်
တစ္ဆေတွေဟာ သူတို့ရဲ့ မှတ်ပုံတင်ကဒ်ပြားတွေကို လွှင့်ပစ်လိုက်ကြတယ်။ သိပ်ကြေကွဲဖို့ ကောင်းတယ်၊ ကြည့်စမ်း … တစ္ဆေတွေ တကောင်နဲ့ တကောင် ဆုံမိတဲ့ အခါများ ဆိုရင် ကိုယ့်မျက်နှာကိုယ် လက်ညှိုးထိုးပြီး “ငါ … ဘာကောင်လဲ” လို့ အချင်းချင်း မေး … မေးနေကြတာ။ မည်းမှောင်အေးစက်တဲ့ ချောက်ချားမှုတွေ တဝုန်းဝုန်း ပြိုကျ၊ ကျပ်ညပ်နေအောင် ပိတ်ဆို့ပစ်လိုက်သလို ခံစားနေရ၊ ဆောင့်ကြီး အောင့်ကြီး ဖွာရှိုက်လိုက်တဲ့ စီးကရက်လိုမျိုးပေါ့။ တစ္ဆေတွေရဲ့ ဘဝတွေ တရှဲရှံ တိုးဝင်သွား။ မီးရဲရဲတွေ ဘဝတွေ … ဘယ်တော့မှ အစီမံ ရောက်လေမလဲ။ သတ္တိရှိရှိ ကြောက်လန့်နေရှာ … တစ္ဆေတွေ … တကယ် ပြောတာပါ။ တစ္ဆေတွေ ဘာဖြစ်သွားလဲ ဆိုတာ မပြောခင် လူနှစ်ယောက်အကြောင်း အရင် မိတ်ဆက် ပေးထားဖို့တော့ လိုမယ် ထင်တယ်။ တကယ်ပါ … တစ္ဆေတွေရဲ့ အိပ်မက်ကို ဂျူတီ လဲပေးခဲ့တာ သူတို့ နှစ်ယောက်ပေါ့။ >>> ဘယ်သူတွေဖြစ်ပြီး >>> ဘယ်လိုမျိုး လန်ပျံထွက်တဲ့ အရေးအသားမျိုး >>> မြင်ရမလဲ ဆိုတာကတော့ စာအုပ်သာ ဖတ်ကြည့်ပါနော်