စုန်း

မင်းခိုက်စိုးစန်

800 Kyats ကျပ်
စုန်းဆိုတာရဲ့ ဆိုရင်းအနက်က ဘာများ ဖြစ်နိုင်မလဲ။ မင်းခိုက်စိုးစန်ရဲ့ ‘စုန်း’ ကတော့ ကြောင်စုန်းခေါင်းနဲ့ လူကိုယ် တွဲဆက်ထားတဲ့ ခြောက်လက်မလောက် ရှေးဟောင်း အရုပ်ကလေးတစ်ရုပ်ကို ဆိုလိုပါတယ်။ မြို့လေးတစ်မြို့ကို ရောက်လာတဲ့ သိုက်ဆရာလိုလို၊ မှော်စရာလိုလို လျှို့ဝှက်ချက်တွေနဲ့ လူကြီးတစ်ဦးရဲ့ အိမ်ထဲကနေ စပ်စုတတ်တဲ့ မြို့ခံလူငယ်တစ်ဦးဟာ အဲဒီအရုပ်ကို ခိုးယူခဲ့တာပါ။ အာရေဗျ ဘာသာအက္ခရာတွေ ရေးသွင်းထားတဲ့ မှော်အင်းကွက်တွေ ကြမ်းပြင်မှာ ရှိနေတဲ့အိမ်။ အခြားသော ဂမ္ဘီရအစီအရင်တွေ၊ ပစ္စည်းတွေ၊ ပေပုရပိုက်တွေနဲ့ ပြည်နေ့တဲ့အိမ်။ ဒီလိုအိမ်ထဲက ခိုးယူလာတဲ့ ကြောင်စုန်းခေါင်းနဲ့ မံမီအလောင်းလူကိုယ် အတွဲအဆက်အရုပ်ဟာ ထိတ်လန့် ခြောက်ချားဖွယ်ရာ ဂမ္ဘီရဆန်ဆန် ဖြစ်ရပ်တွေကို ယူဆောင်လာခဲ့တာပါပဲ။ ဘယ်လို ထိတ်လန့်ခြောက်ချားစေသလဲဆိုတာကို ‘စုန်း’ ရဲ့ စာမျက်နှာတွေမှာ ရင်ဖိုစွာ တွေ့ရပါလိမ့်မယ်။