ချစ်သူရဲ့ပါးတစ်ဖက်ကို ခိုးဝှက်သွားတဲ့တစ္ဆေ

မင်းခိုက်စိုးစန်

800 Kyats ကျပ်
သူ့ရဲ့ ချစ်လှစွာသော ကောင်မစုတ်ကလေးအကြောင်းကို “ငြိမ်းတေဇ” လို့ခေါ်တဲ့ လူငယ်လေး ဖွဲ့နွဲ့ထားပုံက ဒီလိုပါ။ “သူမသည် ကြောက်စရာကောင်းလောက်အောင် မိုက်မှောင်နက်ရှိုင်းသည့် လျှို့ဝှက်ချက်တစ်ခုကို ရင်ထဲတွင် သိမ်းဆည်းထားသော မိန်းမတစ်ယောက်ဖြစ်သည်ဟု ကျွန်တော်ထင်၏။ သူမသည် အနက်ရောင်မျက်နှာဖုံးတစ်ခု လည်း ဖြစ်ပါသည်” တဲ့။ ချစ်ရလွန်းသူတစ်ယောက်ရဲ့ အဲဒီလို ခံစားချက်တွေနဲ့ ရေးဖွဲ့ထားတဲ့ “ချစ်သူရဲ့ ပါးတစ်ဖက်ကို ခိုးဝှက်သွားတဲ့ တစ္ဆေ” ဟာ စာရေးသူရဲ့ နက်ရှိုင်းစွာ ဝေ့သီရက်ဖောက်ထားတဲ့ စကားလုံးတွေအောက်မှာ ခံစားချက်တို့ တငြိမ့်ငြိမ်လှိုက်ကာ ချစ်ခြင်းရဲ့ မှော်ဝင်သတင်းကို ကြားသိစေမှာပါ။ အချစ်ဝတ္ထုတစ်ပုဒ်ကို ငြိမ့်ငြိမ့်လေး ခံစားဖတ်ရှုချင်တယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ရှုသင့်ပါတယ်။