သူတို့ဆီက ဖြစ်ရပ်ဆန်းကြယ် သမိုင်းဝင်မှုခင်းများ

ဘနှင်း(မြန်မာပြန်)

600 Kyats ကျပ်
ဂန္ထဝင်လူသတ်မှုဆယ်ခု ဤစာအုပ်တွင် ပါသော အမှုဆယ်မှုအနက် အမှုတစ်မှုအတွက်သာ ထောင်ဒဏ် အပြစ်ပေးခံရ၏။ ကျန်အမှု ကိုးမှုမှ တရားခံ (၁၃) ယောက်မှာ ကြိုးပေး၍လည်းကောင်း၊ လျှပ်စစ်ဓာတ်ငွေ့ ပေးခြင်းဖြင့်လည်းကောင်း သေဒဏ်ပေးခြင်း ခံရ၏။ ဥပဒေသမားများက ဤနည်းဖြင့် အပြစ်ပေးခြင်းကို ကျေးလက်တရားစီရင်မှုဟု ခေါ်ကြ၏။ ဤစာအုပ်တွင် ပါသော အကြောင်းအရာများသည် အဖြစ်မှန်များ ဖြစ်သည်။ ရက်စွဲများ၊ လူနာမည်များ၊ နေရာဒေသများကို အမှန်အတိုင်း ဖော်ပြထားသည့်အတွက် မှုခင်းရာဇဝင်တွင် နေရာအဆင့် မြင့်မားစွာ ရှိနေခဲ့သော ဝတ္ထုများ ဖြစ်သည်။ အဖြစ်အပျက်များမှာ စိတ်ကူးဖြင့် ရေးသားခြင်း မဟုတ်ဘဲ ယုံကြည်စိတ်ချရသော နေရာများ၊ အဓိကအားဖြင့် ရဲဖိုင်များနှင့် တရားရုံးအမှုတွဲများတွင် ပါသည့်အတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။