ဘဝရှင်သန်ရေး အဆိုအမိန့်များ လီကွမ်ယု

ဘိုးဟန်(မြန်မာပြန်)

600 Kyats ကျပ်
စည်းကမ်းကျနပြီး တရားဥပဒေစိုးမိုးတဲ့ နိုင်ငံအဖြစ်၊ ကမ္ဘာ့အလယ်မှာ ယနေ့တိုင် ထည်ဝါစွာ ရပ်တည်နေနိုင်တဲ့ စင်ကာပူနိုင်ငံသမိုင်းရဲ့ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ လီကွမ်ယုရဲ့ အဆိုအမိန့်တွေကို စုစည်းတင်ဆက်ထားတဲ့ စာအုပ်ကောင်းတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ‘ဇနီးသည်ကို တမလွန်မှာ ပြန်ဆုံဆည်းနိုင်ဖို့ ကျွန်တော် ဆုတောင်းပါတယ်။ ဒါပေမဲ့ တွေ့နိုင်မယ် မထင်ပါဘူး။ ကျွန်တော့် တည်ရှိမှု ရပ်ဆိုင်းသွားတာ သူ့တည်ရှိမှု ရပ်ဆိုင်းသွားတဲ့အတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလို မဖြစ်ခဲ့ရင် တမလွန်မှာ လူဦးရေ အဆမတန် များပြားနေလိမ့်မယ်’ လီကွမ်ယု (လူတစ်ဦး၏ လောကအမြင် - ၂၁၀၃) ‘တစ်နေ့တာ ကုန်ဆုံးချိန်မှာ ကျွန်တော် ရင်ဝယ်ပိုက်ထားတာကတော့ လူတွေအကြား ဆက်နွှယ်နေတဲ့ သံယောဇဉ်တွေ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ လောကီစည်းစိမ်ချမ်းသာကို ခင်ဗျားနဲ့အတူ ယူသွားလို့ မရဘူး။ ဘဝကို နေထိုင်ပြီးသွားပြီ။ ခင်ဗျား ပြုခဲ့တဲ့ မိတ်ဆွေတွေ၊ ခင်ဗျားရဲ့ မိသားစုသံယောဇဉ် အနှောင်အဖွဲ့တွေ၊ အဲဒါတွေက ခင်ဗျားရဲ့ စိတ်ဓာတ်ကို အားတက်စေတယ်။ နွေးထွေးမှုနဲ့ သက်သောင့်သက်သာရှိခြင်းတို့ကို ရရှိစေပါတယ်’ (လီကွမ်ယု၏ အမှာစကား -၂၀ဝ၃) ကျန်းမာရေး၊ ဘဝဟန်ပန်၊ သင်ယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ ဆက်ဆံဆက်နွှယ်ခြင်း စတဲ့ ခေါင်းစဉ်တွေအောက်က လီကွမ်ယုရဲ့ ဘဝရှင်သန်ရေး အဆိုအမိန့်တွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။