မွန်းတည့်နေရိပ်

ဘသက်ဆွေ

1000 Kyats ကျပ်
မိုးအောင် ! သူကကဗျာဆရာ၊ ဂစ်တာတီးတယ်၊ အလုပ်လုပ်ရင်း ညကျောင်းတက်တယ်။ ဘဝကတော့ ခပ်ကြမ်းကြမ်း။ ဒါပေမဲ့၊ သူ့ကို လူလိမ္မာလေးတစ်ယောက်လို့ ပြောလို့ရတယ်။ သူ့ကိုသနားမိပြီး စိတ်ဝင်စားနေတဲ့သူကတော့ အောင်တို့မိသားစု ငှားနေတဲ့အိမ်က မြင့်မြင့်ခင်။ မြင့်မြင့်ခင်က မိုးအောင်ကို တကယ်ပဲ တွယ်တာတဲ့သူပါ။ ဒါကို အောင်သိပေမဲ့ တုံ့ပြန်မှုက ပုံမှန်ပဲ။ နောက်တစ်ယောက်က ခိုင်ရွှေဝါ ! သူက အောင့်ကို စက်ဘီးနဲ့ တိုက်မိခဲ့တဲ့သူ။ ခိုင့်ကို စတွေ့ကတည်းက အောင်က ရင်ခုန်မိသွားတာ။ နောက်၊ ချစ်မိသွားတယ်ပေါ့။ အဲဒီလိုနဲ့ အောင်က ခိုင်နဲ့ တဖြည်းဖြည်းနီးစပ်အောင် ကြိုးစားဖြစ်တယ်။ ဇာတ်လမ်းကတော့ ခုနည်းနည်း ပြောပြသလောက်ဆို ရိုးရိုးလေးလို့ ထင်စရာပါပဲ။ ဒါပေမဲ့၊ ဖြစ်ပျက်သွားတာတွေက မထင်ထားမိစရာ။ မိုးအောင်နဲ့ မြင့်မြင့်ခင်၊ မိုးအောင်နဲ့ ခိုင်ရွှေဝါ။ ဒီလူသုံးယောက်မှာ ဘယ်သူက အချစ်ကြောင့် ရှင်သန်ပြီး ဘယ်သူက အချစ်အတွက် ဘဝပျက်သွားရရှာမှာလဲ ?