ကျောက်တစ်လုံးသိုက်၏ ကျိန်စာ

ဘညိုကြီး

500 Kyats ကျပ်
...ပန်းသခင်မှာ မျက်ရည်များ သုတ်လိုက်ပြီး အငိုမျက်လုံး အပြုံးမျက်နှာဖြင့် ကျွန်ုပ်အား ပြုံးပြလေ၏။ ထိုအချိန်၌… ဂူအတွင်းမှ အမျိုးသားတစ်ဦး ချောင်းဟန့်သံ ကြားရသည့်အခါ ပန်းသခင်က ကျွန်ုပ်အား ခြေဟန် လက်ဟန်ဖြင့် မြန်မြန်ထွက်သွားရန် ဟန်အမူအရာပြလေ၏။ ကျွန်ုပ်မှာ တထိတ်တလန့်ဖြစ်သွားပြီး ထိုနေရာမှ အမြန်ဆုံး ထွက်လာခဲ့ရာ ကျွန်ုပ် အိပ်ပျော်နေရာမှ လန့်နိုးသွားလေတော့၏။ ကျွန်ုပ် ရင်တွေ တုန်ခါသွားပြီး အမျိုးအမည်မသိသော ဝေဒနာတစ်ခုကိုလည်း ခံစားလိုက်ရလေ၏။ ဆေးလိပ်ခွက်ထဲမှ နှင်းဆီဆေးပေါ့လိပ်အတိုကို မီးတို့ ရှိုက်ဖွာပြီး မီးခိုးလုံးများကို မှုတ်ထုတ်၍ ကျွန်ုပ် မည်သို့ဖြစ်သွားသည်မသိ ပန်းသခင်ပြောပြနေသလို ၎င်းတို့၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို တစ်ထိုင်တည်း ရေးလိုက်မိလေတော့၏။ ကျွန်ုပ် ထမင်းမှန်း ဟင်းမှန်း မသိအောင် ပန်းသခင်တို့၏ဇာတ်လမ်းကို ရေးပြီးသောအခါ ထိုဇာတ်လမ်းကိုမူ ‘ကျောက်တစ်လုံးသိုက်’ ဟူသော အမည်ကို ပေးလိုက်ရလေတော့၏။ ထူးခြားဆန်းကြယ်တဲ့ ဂမ္ဘီရဇာတ်လမ်းမျိုး ကြိုက်သူတိုင်း ဒီစာအုပ်ကို *၅၀၀* ကျပ်နဲ့ ဖတ်ရှုနိုင်ပါပြီ။