အေရာင္ရင့္ရင့္ရသ

ဗျူး

800 Kyats ကျပ်
ပန်းအခရာ ဆိုတဲ့ မိန်းကလေးက အစ်မဝမ်းခွဲဖြစ်သူ ဝတီခင်ရဲ့ ဆိုင်မှာ အလုပ်ဝင်လုပ်ရင်း မိဘကို လုပ်ကျွေးနေတာပါ။ အစ်မဝမ်းခွဲဆိုပေမဲ့ ဝတီခင်က အခရာကို အလုပ်သမားလိုပဲ သဘောထားတာ။ အဲဒီနေ့က စင်တာကနေ ဆိုင်အတွက် ဖိနပ်တွေကို ဒါဇင်လိုက် သွားဝယ်ပြီး အထုပ်တွေ မနိုင်မနင်း ဆွဲလာရတဲ့ အခရာမှာ ဖုန်းဝင်လာတာနဲ့ ဖုန်းပြောရင်း လူတစ်ယောက်နဲ့ ဝင်တိုက်မိခဲ့တယ်။ မတော်တဆ တိုက်မိမှုမှာ တစ်ဖက်လူရဲ့ ဖုန်းက လွတ်ကျပြီး မျက်နှာပြင် ကွဲအက်သွားခဲ့တယ်။ အခရာ တောင်းပန်ပြီး ဖုန်းကို ပြန်ပြင်ပေးဖို့ ပြောပေမဲ့ အဲဒီဖုန်းက UK ကနေ ဝယ်ထားတဲ့ ဖုန်းဆိုပြီး ဖုန်းကိစ္စ ရှင်းဖို့အတွက် အခရာရဲ့ ဆိုင်လိပ်စာ တောင်းသွားခဲ့တယ်။ တိုက်မိခဲ့တဲ့ လူက အခရာ နှစ်ခါပြန် ငေးမိတဲ့အထိ ချောမောသန့်ပြန့်လွန်းတဲ့ အမျိုးသားတစ်ယောက်။ သူ့ဝတ်စားပုံ၊ သူ့ရုပ်အဆင်း၊ သူ့ဟန်အမူအရာတွေက ဂွင်ဆင်လိမ်ညာမယ့် သူမျိုးမဟုတ်မှန်း အခရာ အလိုလို နားလည်မိတယ်။ ဒီပြဿနာကို အစ်မ ဝတီခင်ကို ပြောပြတဲ့အခါ အဆူခံရတာကလွဲပြီး ဘာအကူအညီမှ မရခဲ့ဘူး။ ဒါပေမဲ့ နေမင်းထည်ဝါဆိုတဲ့ အဲဒီယောက်ျားက မမျှော်လင့်ထားတဲ့ တစ်ရက်မှာ ပန်းအခရာရှိရာဆီ တည့်တည့်မတ်မတ် ရောက်လာတဲ့အခါမှာတော့ ...