လရောင်ကိုမျှော်ငေး ငိုကြွေးနေတဲ့ ငှက်တစ်ကောင်

ဗျူး

800 Kyats ကျပ်
သူဌေးဦးမင်းသစ်နဲ့ လူယုံကြီး ဦးဇော်ခိုင်တို့ဟာ လမ်းသွားရင်းနှင့် အဖြစ်အပျက်တစ်ခုကို ကြုံလိုက်ရတယ်။ အသက်ကိုးနှစ် ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ကို လူကြီးတစ်ယောက်က သူခိုးလို့ စွပ်စွဲပြီး နောက်ကလိုက်နေတဲ့ မြင်ကွင်း။ ကောင်လေးကို ဦးမင်းသစ်တို့ ပိတ်ဖမ်းလိုက်တဲ့အခါ ကောင်လေးက သူခိုးမဟုတ်ကြောင်း၊ နေမကောင်းဖြစ်နေတဲ့ အဘိုးကို ကျွေးချင်လို့ ငှက်ပျောသီးကို ယူမိကြောင်း ပြောတဲ့အခါ ဦးမင်းသစ်တို့က ကောင်လေးကို သူ့ရဲ့ အဘိုးဆီ လိုက်ပို့ခိုင်းခဲ့တယ်။ တကယ်ပဲ စိတ်မကောင်းစရာ အဖြစ်။ အဘိုးက သူတို့ရောက်တော့ သေဆုံးနေခဲ့ပြီ။ လျစ်လျူရှုမထားနိုင်တဲ့ ဦးမင်းသစ်ဟာ လရောင်ထိန်ဆိုတဲ့ ကောင်လေးကို အိမ်ခေါ်ပြီး မွေးစားဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ အဲဒီနောက် လရောင်ထိန်ရဲ့ဘဝလေး ဘယ်လို ဆက်လက် ကြီးပြင်းလာမလဲ ဆိုတာ ...