ပန်းခတ်သူ

ဗျူး

800 Kyats ကျပ်
ဆန္ဒရည်ရွယ်ချက် မရှိပါဘဲနဲ့ ကိုယ့်ရဲ့ အသွေးအသားကို ရောင်းချနေရတဲ့ မိန်းကလေးတွေလည်း လောကမှာ ရှိကြပါတယ်။ ဒီလို အသွေးအသားကို ရောင်းချနေရတဲ့ မိန်းကလေးတွေရဲ့ ဘဝကိုမှ ချနင်းပြီး ဝိသမလောဘသမားတွေက သူတို့ရဲ့ စီးပွားရေးနယ်ပယ်ကိုလည်း ချဲ့ထွင်ကြတာက ဒီဘက်ခေတ်မှာ ပိုမိုဆိုးဝါးစွာ တွေ့လာရပါတယ်။ ‘ပုရစ်’ ဟာ အဲဒီလို ဝိသမလောဘသားတွေရဲ့ လက်အတွင်းကို သက်ဆင်းခဲ့ရတဲ့ မိန်းကလေးတစ်ဦးပါပဲ။ အလုပ် အကိုင်တစ်ခု ရလိုတဲ့ မျှော်လင့်မှုနဲ့ ပွဲစားတစ်ယောက်ရဲ့ လှည့်ဖျားမှုအောင်မှာ ပုရစ်ဟာ သူ့အသွေးအသားတွေကို ခုတုံး လုပ်ကာ ဝိသမလောဘတရားကို ဖြည့်စွမ်းမယ့် လူတစ်စုရဲ့ လက်ထဲကို ရောက်ရှိခဲ့ရပါတယ်။ ဘဝအတွက် တန်ဖိုးအထားရ ဆုံးအရာဟာလည်း အနိုင်ကျင့်စော်ကားမှုရဲ့ ရက်စက်ခြင်းအောက် ကြွေမွခဲ့ရပါတယ်။ ပုရစ်လိုပဲ ဘဝကို နင့်နဲစွာ ဖြတ်သန်း နေရတဲ့ မိန်းကလေးတွေကိုလည်း ပုရစ်တစ်ယောက် ပတ်သက်ဆက်နွယ်လာခဲ့ရပါတယ်။ ဒီလိုနဲ့ ပုရစ်တို့ မိန်းကလေးတွေ ဟာ ဘဝကို ဘယ်လို ရုန်းကန်ရင်း ရက်စက်မှုနဲ့ ဝိသမလောဘတွေအောက်က လွတ်မြောက်အောင် လုပ်ကြမလဲဆိုတာကို ဗျူးက သူရဲ့ "ပန်းခတ်သူ" မှာ ကြေကွဲဖွယ်ရာ ရေးဖွဲ့ထားတာပါ။