နတ္ဆိုးက်ိန္စာ

ဗျူး

800 Kyats ကျပ်
ဆန့်ကျင်ဘက် ဗီဇတွေရှိတဲ့ တူနှစ်ယောက်နဲ့အတူ နေ့စဉ်ရက်ဆက် ဖြတ်သန်းနေရတဲ့ ဦးသောင်းကျော်။ အကြီးကောင် ဝေယံမင်းလျှံက ဆရာဝန်။ စိတ်ထားတည်ငြိမ်အေးဆေးပြီး ငြိမ်းချမ်းတယ်။ အပြစ်ပြောစရာဆိုလို့ တစ်ခါတစ်ခါ ဇီဇာထကြောင်တတ်တာလေးပဲ။ အငယ်ကောင် အာကာမင်းလျှံကတော့ ငွေကို ကျောက်ခဲတွေ ကောက်သုံးရသလို အထင်နဲ့ ဖြုန်းချင်သလို ဖြုန်းတတ်သူ။ ဆယ်တန်းကို တဘုန်းဘုန်းကျ။ ပညာရေးဝန်ကြီးက မေးခွန်းခိုးပေးရင်တောင် အောင်နိုင်မယ့် အခြေအနေမရှိသူပေါ့။ ဒီလို အခြေအနေမတူပေမဲ့ ဒေါက်တာဝေယံက ညီလေးကို သနားချစ်နဲ့ ချစ်တယ်။ ကဲ ... ဒီလို အစပျိုးထားပြီးပြီဆိုတော့ သူတို့ညီအစ်ကိုရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လို အမျိုးသမီးလေးတွေနဲ့ ပတ်သက်လာမလဲဆိုတာကတော့ ...