ကလီယိုပက်ထရာနဲ့ ဒုန်းစိုင်းခဲ့တဲ့ည

ဗျူး

800 Kyats ကျပ်
'ငထွဋ်၊ မင်းကို ပြောစရာရှိလို့ ဘကြီးတို့ ခေါ်လိုက်တာ' ၊ 'ဟုတ်ကဲ့ပါ ဘကြီး' ၊ 'အေး ... မင်းအဒေါ်ကတောင် မချေးနိုင်တဲ့ ပိုက်ဆံကို မိငယ်က ခြံနဲ့အိမ် ပေါင်ပေးတယ်။ တကယ်လို့သာ မင်း တစ်ခုခု ဖောက်သွားရင် မိငယ်တို့ သားအမိတော့ ဘဝပျက်ပြီ' 'ကျွန်တော် သူတို့ကို ပိုက်ဆံ အမြန်ဆုံး ပြန်ပို့မှာပါ ဘကြီး' 'အေး ... ဒါက မင်း ခုနေပြောတဲ့ စကားလေကွာ။ နောက်မှ ဘယ်လို အကြောင်းပေါ်လာမလဲဆိုတာ မမှန်းနိုင်သေးဘူးလေ' ဘကြီးက ကွမ်းတစ်ပျစ် ထွေးလိုက်ပြီးမှ ... 'ဘကြီးတို့ သဘောကတော့ကွယ်၊ မင်းတို့ လူငယ်တွေ လက်ခံနိုင်ရင် မင်းနဲ့ မိငယ်ကို နေရာချပေးချင်တယ်။ ဒါက အလုပ်သင့်ဆုံးလို့ ဘကြီး ထင်တယ်။ ဒါ မင်းကို အရင်ခေါ်ပြောတာ။ မင်း သဘောတူရင် မိငယ်ကို ဘကြီးတို့ ကြောင်းလမ်းပေးမယ်' ငထွဋ် ဘာပြောရမှန်း မသိပါ။ သူ မိငယ်ကို ခင်ပါသည်။ သံယောဇဉ်လည်း ရှိပါသည်။ ဒါပေမဲ့ ...