ကျင်လည်ဖြတ်သန်း ဘဝလမ်း

ဗိုလ်မှူးချုပ်စိန်ဝင်း(ငြိမ်း)

800 Kyats ကျပ်
ဒါက စာရေးသူရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ်ပါ။ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တပ်မတော်သား ဘဝကနေ ခြေလျင်တပ်ရင်းမှူး တာဝန်အဆင့်အထိ အတွေ့အကြုံတွေကို ပြန်ပြောပြထားတယ်။ အထူးသဖြင့် စစ်မှုထမ်းနေဆဲ မျိုးဆက်သစ်တွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေအများကြီးပါဝင်ပါတယ်။ “နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြတ်သန်းလာခဲ့တဲ့ လူ့ဘဝ သက်တမ်းတစ်လျှောက် ရင်ဆိုင်တွေ့ကြုံခဲ့တဲ့ ဘဝအတွေ့အကြုံ ဖြစ်ရပ်မှန်တွေကို နောင်လာနောက်သား မျိုးဆက်သစ်တွေ သိရှိနိုင်ဖို့၊ သူတို့ ဘဝသက်တမ်းမှာ သင်ခန်းစာယူ အသုံးချနိုင်ဖို့၊ ဆောင်နိုင်ဖို့၊ ရှောင်နိုင်ဖို့ ဖြန့်ဝေအသိပေးခဲ့တာဖြစ်တယ်” လို့ စာရေးသူက အမှာစာမှာ ပြောပြထားပါတယ်။