ပြန်မပြောချင်ဘူး

ဖိုးကျော့

800 Kyats ကျပ်
ဆရာဖိုးကျော့ရဲ့ ပထမဆုံးနဲ့ အကောင်းဆုံး လက်ရာလို့ သတ်မှတ်ခဲ့ကြတဲ့ ‘မြေဆီမည်းမည်း သွေးရဲရဲ’ ဝတ္ထုရှည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဆရာဖိုးကျော့ဟာ သူတို့ ဒေသမှာ နှစ်ပေါင်းတစ်ရာနီးပါး ရေနံလုပ်ငန်းနဲ့ ကြီးပွားချမ်းသာသွားကြတဲ့ ရွှေတောင်ကြား ရေနံတောင် အင်္ဂလိပ်မိသားစုအကြောင်းကို အပိုင်းသုံးပိုင်းခွဲ၊ ဝတ္ထုသုံးပုဒ်အဖြစ် တစ်ခေတ်ချင်းစီအကြောင်း ရေးသားခဲ့ပါတယ်။ ပထမဆုံး သူ့ရဲ့ အဘီးတို့ အဘိုးတို့ခေတ်ကို အခြေခံလို့ ‘မြေဆီမည်းမည်း သွေးရဲရဲ’ ကို ရေးသားခဲ့ပြီး ဒုတိယအဖြစ် ဦးလေးတို့ အဖေတို့ ခေတ်နောက်ခံ ‘လွန်လေပြီးသောအခါ’ ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ နောက်ဆုံး ဆရာဖိုးကျော့က သူတို့ဖြတ်သန်းခဲ့တဲ့ ကာလမှာ တွေ့ကြုံခဲ့ရတဲ့ အဲဒီမိသားစုရဲ့ ဖြစ်ရပ်တွေကို အခြေတည်ပြီး ယခု စာအုပ် ‘ပြန်မပြောချင်ဘူး’ ဝတ္ထုရှည်ကို ထပ်မံရေးသားခဲ့ပါတယ်။ ဒီလို ဖြစ်ရပ်မှန်အပေါ် အခြေခံလို့ စာရေးသူတို့ အတတ်ပညာနဲ့ ရသမြောက် ရေးဖွဲ့ထားတဲ့ လူ့ဘဝရုပ်ဖော် ရေနံတူးဖော်မှု လုပ်ငန်းနောက်ခံ ဝတ္ထုရှည်ကတော့ စာဖတ်သူတို့အတွက် သုတ ရသ အဖုံဖုံ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။