ဆောင်းရက်ရှည်တဲ့ နွေဒေသမှာ

ဖိုးကျော့

800 Kyats ကျပ်
မန္တလေးကနေ ရတနာမြေကို သွားတဲ့ ခရီးစဉ်တစ်ခုကနေ အစပျိုးတဲ့ ဒီဇာတ်လမ်းက ဆရာဖိုးကျော့ ရေးနေကျဟန် တောမုဆိုး စွန့်စားခန်း ဇာတ်လမ်းမျိုး မဟုတ်ဘဲ ရတနာမြေက ကျောက်တူးသမားတွေရဲ့ ဘဝသရုပ်နဲ့ လူငယ်တွေရဲ့ အချစ်ရင်ခုန်သံကို ပေါင်းစပ်ဖန်တီး ရေးသားထားတဲ့ ဝတ္ထုရှည်တစ်ပုဒ် ဖြစ်ပါတယ်။ စွန့်စားခန်း ဇာတ်လမ်းတွေကို ရိုးအီနေပြီ ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။ စာအုပ်ခေါင်းစဉ်ကိုက ဆောင်းရက်ရှည်တဲ့ နွေဒေသမှာတဲ့။ လွမ်းစရာတော့ နည်းနည်းကောင်းပါလိမ့်မယ်။ ဒါ့အပြင် ဘဝရသ၊ လူ့သရုပ်၊ လူ့စရိုက်တွေကိုပါ ပေါ်လွင်အောင် ရေးဖွဲ့ထားတာမို့၊ ရသခံစားမှုကလည်း အားကောင်း၊ အရေးအသားကလည်း ဆရာဖိုးကျော့လက်ရာဆိုတော့ ပြောစရာမလို၊ နောက်ခံ အခင်းအကျင်းကလည်း စိတ်ဝင်စားဖို့ ကောင်းလို့ အစကနေ အဆုံးထိ လက်ကမချချင်မယ့် စာအုပ်ပဲ ဖြစ်ပါတယ်။