သံခ်ပ္ဝတ္နယ္စားၾကီး

ဖိုးကျော့

800 Kyats ကျပ်
နာဂတိုင်းရင်းသားတွေရယ်၊ စာရာမေတိတောင်ကြီးရယ်ကို နောက်ခံထားပြီး ရေးသားထားတဲ့ စွန့်စားခန်း ဝတ္ထုရှည်တစ်ပုဒ်။ လွတ်လပ်ရေး ရပြီးစအချိန်၊ တိုင်းပြည်ရဲ့ လူဦးရေစာရင်းတွေကို စစ်တမ်းကောက်ယူနေရတဲ့ အချိန်။ နယ်မြေပိုင်းခြားမှုတွေ ပြုလုပ်နေချိန်။ ပြည်သူ့ဆက်ဆံရေးဌာနက ဝန်ထမ်းတွေဖြစ်တဲ့ စိန်တောက်နဲ့ အဖွဲ့ဟာ ခရိုင်ဝန်ရဲ့ တာဝန်ပေးချက်အရ မြန်မာပြည်ရဲ့ နယ်နိမိတ်အဆုံး ဝေးလံခေါင်သီတဲ့ နာဂရွာငယ်လေးဆီ သွားဖို့ ဖြစ်လာခဲ့တယ်။ ခရိုင်ဝန် ရုံးစိုက်ရာ ခန္တီးမြို့ကနေ ချင်းတွင်းမြစ်ဖျား ဆင်သေရွာအထိ ယူပီဘုတ်နဲ့ စိန်တောက်တို့အဖွဲ့ကို လိုက်ပို့ပေးပြီး ဆင်သေရွာကနေတစ်ဆင့် ရေခဲဖုံးတောင်တန်းတွေဆီ ဝန်တင်လားတွေ၊ လမ်းပြတွေနဲ့ ခရီးဆက်ခဲ့ကြတဲ့ စိန်တောက်တို့ ပြည်သူ့ဆက်ဆံရေးအဖွဲ့သားတွေ ဘယ်လို ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ကြုံရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ နာဂတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံတွေ၊ အမဲလိုက်ပွဲတွေနဲ့အတူ စိန်တောက်တို့အဖွဲ့ရဲ့ စွန့်စားခန်းတွေက အစကနေ အဆုံးထိ လက်ကမချနိုင်အောင် ဆွဲဆောင်နိုင်တဲ့ ရသအက်ရှင် ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ဖတ်ကြည့်ပါဦး။