ဝက္နာသရဲၾကီး က်ားကိုစီး

ဖိုးကျော့

800 Kyats ကျပ်
ရခိုင်ပြည်နယ်၊ ကျားရဲဒိန်း တောင်ခြေမှာရှိတဲ့ ရွာကလေးက အေးအေးချမ်းချမ်း ရွာကလေးတစ်ရွာပါ။ ရွာသားတွေ ကြောက်ရတဲ့အန္တရာယ်က တစ်ခုပဲ။ ကျားဆိုးအန္တရာယ်။ ကျားရဲဒိန်းတောင်ပေါ်မှာ ကျောက်ဂူတွေက ပေါတော့ ကျားတွေလည်း ရှိတယ်။ တချို့နှစ်တွေဆို ကျားဆိုးတစ်ကောင်တလေက ရွာထဲဆင်းလာပြီး နွားဆွဲ၊ ဆိတ်ဆွဲ လုပ်တတ်တယ်။ ဒါပေမဲ့ ကျားက လူတွေကိုတော့ တစ်ခါမှ မကိုက်မဆွဲဖူးဘူး။ ဒီနှစ်မှာတော့ ကျားဆိုးတစ်ကောင် အတော်သောင်းကျန်းတာကို ကြုံရတယ်။ အဲဒီကျားဆိုးကို ရွာထဲခေါ်လာတာက မုဆိုးသုတ်ကိုင်းကနေ လွတ်သွားတဲ့ တောဝက်တောင်းနာတစ်ကောင်ပဲ။ ကောက်သစ်ပေါ်တဲ့ တော်သလင်းလရဲ့ တစ်မနက်မှာ ဝက်တောင်းကြီး ရွာထဲဝင်မွှေရာက ဇာတ်လမ်းစတယ်။ ကိုနဂါ ဆိုတဲ့ တောင်သူတစ်ယောက်ရဲ့ခြံထဲ ကမူးရှူးထိုးဝင်လာတဲ့ ဝက်တောင်းနာက ကိုနဂါကို ပက်ပြီး ထွက်ပြေးသွားခဲ့တယ်။ ရွာသားတွေ တုတ်ဓားလက်နက်ကိုယ်စီနဲ့ ဝက်တောင်းနောက် လိုက်ကြပေမဲ့ ဝက်တောင်းကြီးက တောင်ပေါ်တက်ပြေးသွားခဲ့တယ်။ တကယ်တမ်း၊ ဝက်တောင်းနောက် လိုက်ကြတဲ့ ရွာသားတွေ ထိပ်တိုက်တိုးခဲ့တာက ကျားဆိုးကြီးတစ်ကောင်။ အဲဒီကစလို့ ဝက်တောင်းနာကြီးရယ်၊ ကျားဆိုးကြီးရယ်က ရွာသားတွေကို ဘယ်လို ဒုက္ခပေးမလဲ၊ ရွာသားတွေက ဒီနှစ်ကောင်ကို ဘယ်လိုနှိမ်နှင်းကြမလဲဆိုတာကို ဆရာဖိုးကျော့က စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးသားထားပါတယ်။