ရွံ့ပင်လယ်ကိုဖြတ်၍ မီးတောင်ကို ကျော်ခဲ့ကြသူများ

ဖိုးကျော့

800 Kyats ကျပ်
ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းပေါ်က နဂါးမီးတောင် ပေါက်ကွဲမှု၊ လွင်ပြင် လယ်ကွင်းမှာ ရှိတဲ့ နဂါးပွက်အိုင် ပေါက်ကွဲရာကနေ တောင်ကြီးဖြစ်သွားခဲ့တဲ့ ပုံပြင်မဟုတ် ဒဏ္ဍာရီမဟုတ်တဲ့ ဖြစ်ရပ်။ ဒီဖြစ်ရပ်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀) လောက်ကလို့ အစချီပြီး ပြောရင်တော့ ပုံပြင်ဆန်ဆန်၊ ဒဏ္ဍာရီဆန်ဆန် ဖြစ်သွားမယ် ထင်ပါတယ်။ ဒါပေမဲ့ အခု ဇာတ်လမ်းက လွန်ခဲ့တဲ့ နှစ် (၁၀၀) ဝန်းကျင်က အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ကြံချဉ်ရွာ ဆိုတဲ့ ရွာလေးတစ်ရွာမှာ လွန်ခဲ့တဲ့ နှစ် (၁၀၀) လောက်က ဖြစ်ခဲ့တဲ့ ကြောက်မက်ဖွယ်ရာ သဘာဝ ဘေးအန္တရာယ်ဆိုးကြီးကို ရင်တထိတ်ထိတ် အသည်းတအေးအေး ဖတ်ရှုကြရမှာပါ။ ကြံချဉ်ရွာနဲ့ မီးနဂါးတောင်ကြီးရဲ့ ပတ်သက်ဆက်နွယ်မှုတွေအကြားက ထိတ်လန့်ဖွယ်ရာ သဘာဝ အန္တရာယ်တွေ ဖြစ်ပွားလာတဲ့အခါမှာတော့ ...