ရာဇဌာဏီ

ဖိုးကျော့

800 Kyats ကျပ်
(၁၉၉၉) ခုနှစ်၊ စာပေဗိမာန်စာမူဆုပြိုင်ပွဲမှာ ဝတ္ထုရှည်တတိယဆု ရရှိခဲ့တဲ့ ဆရာဖိုးကျော့ရဲ့ လက်ရာကောင်း စာအုပ်တစ်အုပ်။ ဒုတိယကမ္ဘာစစ်မှာ စစ်မြေပြင်တစ်နေရာဖြစ်ခဲ့တဲ့ မြန်မာပြည်ရဲ့ အခြေအနေတွေကို ပုံဖော်ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။ အင်ဒိုချိုင်းနားနဲ့ ယိုးဒယားကို စစ်ပြုသိမ်းပိုက်လိုက်တဲ့ ဂျပန်တွေဟာ မြန်မာ့မြေကိုလည်း ဝင်ရောက်သိမ်းပိုက်ဖို့ ကြိုးစားနေကြပြီ။ ဒီအချိန်မှာ ရန်ကုန်ကောလိပ်ဆီ ပညာသွားသင်နေကြတဲ့ ရခိုင်ပြည်နယ်၊ ကမ်းသာမြို့က ကျောင်းသူကျောင်းသားတွေ ဌာနပြန်မလာကြတာမို့ မိဘတွေက စိုးရိမ်တကြီး ဖြစ်နေကြရတယ်။ စစ်ပွဲသတင်းကလည်း တရိပ်ရိပ် ဆိုးဝါးလာပြီ။ တိုင်းပြည်အခြေအနေကလည်း မငြိမ်မသက်။ တောမီးလောင်ချိန် လက်ခမောင်းခတ်တတ်တဲ့ တောကြောင်တွေကလည်း ဟိုဟိုဒီဒီ ဆူပူသောင်းကျန်းနေကြတယ်။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ ရေးသားထားတဲ့ ဆရာဖိုးကျော့ရဲ့လက်ရာ၊ ဆုရဝတ္ထုလည်း ဖြစ်တယ်ဆိုတော့ အများကြီး ပြောစရာ လိုမယ်မထင်ပါဘူး။ ရာဇဌာဏီ ဆိုတာ ဘာလဲ၊ ဘယ်လိုနေရာမျိုးလဲဆိုတာ ဖတ်ကြည့်လိုက်ပါ စာချစ်သူတို့ရေ။