ပင်လယ်ကျား အဏ္ဏဝါမီးစုန်းများ နှင့် အခြားဝတ္ထုတိုများ

ဖိုးကျော့

800 Kyats ကျပ်
ဆရာဖိုးကျော့ရဲ့ တောတွင်းဓလေ့တွေ၊ ဆင်လုပ်သား၊ မုဆိုးတွေရဲ့ ဘဝအတွေ့အကြုံနဲ့ တောတောင်ရေမြေသဘာဝရဲ့ ဆန်းကြယ်ပုံတွေကို ဇာတ်လမ်းဖွဲ့ပြီး ရေးသားထားတဲ့ ဝတ္ထုတိုတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပြီး ဗဟုသုတတွေလည်း အများကြီးရရှိတယ်နော်။ ဒါပေမဲ့ အခုတင်ဆက်ပေးမယ့် စာအုပ်ထဲမှာပါတဲ့ ဝတ္ထုတိုတွေကတော့ တော၊ တောင်တွေကို နောက်ခံထားပြီး ရေးသားထားတာ မဟုတ်တော့ပါဘူး။ မြစ်ဝကျွန်းပေါ်ဒေသက ငါးမျှားတန်းချသူ၊ လှေထိုးသူ၊ ပိုက်တန်းသူ၊ လိပ်ထိုးသူရေလုပ်သားတွေရဲ့ ဓလေ့စရိုက်နဲ့ ပင်လယ်ရဲ့ ဆန်းကြယ်တဲ့ သဘောသဘာဝကို နောက်ခံထားပြီး စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းဖွဲ့ ရေးသားထားတာပါ။ လမ်းသစ်၊ နဂါးလင်မယား၊ ပင်လယ်ကျားနှင့် အဏ္ဏဝါမီးစုန်းများ၊ ဟူးကောင်းတောင်ကြားမှ သွေးစုပ်ကောင်များ အပါအဝင် တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုတိုတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုခံစားရမှာပါ။ တကယ်ကိုကောင်းတဲ့ ဝတ္ထုတိုတွေဖြစ်လို့ အောက်ကလင့်ခ်ကိုနှိပ်ပြီး အခုပဲ ဖတ်ရှုလိုက်တော့ဗျို့။