အရာရာသူ့ကြောင့်သာ

ပုဏ္ဏမီ

500 Kyats ကျပ်
မေလေးရီ။ အနေအေးတယ်။ အားနာတတ်တယ်။ သဘောထားပျော့ပြောင်းပြီး စကားနည်းတယ်။ မောင်ဆိုတဲ့ လူနဲ့တွေ့မှပဲ စကားတွေဖောင်ဖွဲ့ သွက်သွက်လက်လက်နဲ့ ဖြစ်နေတော့တာပဲ။ တစ်နေ့တော့ မေလေးရီ ရုံးခန်းကို နီနီခင်ဆိုတဲ့ မိန်းမတစ်ယောက်ရောက်လာပြီး ပြောတယ်။ မောင့်ကို မယုံပါနဲ့တဲ့၊ မောင့်ဆီမှာ ရှင်းလို့မရနိုင်တဲ့ ဇာတ်ရှုပ်ရှုပ်တွေ ရှိနေတယ်တဲ့။ မောင်တစ်နေ့ကျ လက်ထပ်မယ့်သူဟာ မေလေးရီမဟုတ်ဘူးတဲ့။ ဒီစကားတွေကြောင့် နီ့ကို ဒေါသွထက်သွားပေမယ့် နီပြောတဲ့စကားကြောင့် အံ့သြသွားရတယ်။ နီလည်း မေလေးရီလို ခံလိုက်ရတဲ့ လူတစ်ယောက်ပါတဲ့။ ဝတ္ထုက အစမှာကတည်းက ဒီလိုဇာတ်ရှုပ်ရှုပ်ပါ။ ဒါပေမဲ့၊ အဲဒီ ခပ်ရှုပ်ရှုပ်ကပဲ လက်ကမချချင်အောင် ဖတ်ကောင်းနေတာပါ။