ကျေစေလို

ပုဏ္ဏမီ

800 Kyats ကျပ်
ထူးဦး က အလုပ်မရှိဘဲ အိမ်မှာပဲနေနေလို့ အဖေဖြစ်သူက သူငယ်ချင်းဆီမှာ အကူအညီတောင်းတယ်။ သူငယ်ချင်းက ထူးဦး ကို သူ့သမီးဖြစ်သူ ပန်းဝတ်မှုံ ရဲ့ဘော်ဒီဂတ်အဖြစ် ခန့်လိုက်တယ်။ ပန်းဝတ်မှုံကို မုန်းနေတဲ့သူတွေရှိတယ်။ ကောင်မလေးကလည်း လူတွေကို ကစားတတ်တာကိုး။ အဲဒီလိုပန်းဝတ်မှုံကို မုန်းနေသူတွေထဲမှာမှ ဒေါင်းဖြူ တစ်ယောက်က အပါအဝင်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါင်းရဲ့ အစ်ကိုဖြစ်သူက ပန်းဝတ်မှုံကြောင့် သေသွားခဲ့ရတာလို့ ဒေါင်း ခံယူထားတယ်။ ဒီတော့ ပန်းဝတ်မှုံကို နည်းမျိုးစုံနဲ့ နှောက်ယှက်တယ်။ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဆောင်ရွက်လာတယ်။ ဒီလို အစ်ကိုအတွက် လက်စားချေလိုမှုက ဒေါင်းနဲ့ ထူးဦးကို တွေ့ဆုံစေခဲ့တယ်လို့ပဲဆိုရမှာပေါ့။ အစတုန်းက ဒေါင်းက ထူးဦးကို ပန်းဝတ်မှုံရဲ့ လှည့်စားတာကို ခံရတဲ့ ယောက်ျားတစ်ယောက်လို့ပဲ ထင်ထားခဲ့တာပါ။ ဆက်ပြီး သူတို့သုံးယောက် ဘာတွေဖြစ်ကြမလဲဆိုတာကတော့ ဝတ္ထုထဲမှာသာခံစားကြည့်ကြပါနော်။