အရှေ့တံခါးအဝင်

ပုညခင်

2000 Kyats ကျပ်
ကျွန်မက … ရေပါ။ ဒါပေမဲ့ သောင်က နှောက်ယှက်လို့ ကျိုးကျန်ခဲ့ရတဲ့ မြစ်ကျိုးအင်းထဲက ထွက်ပေါက်မဲ့ ‘ရေ’ မျိုး မဟုတ်ဘူး။ ကောင်းကင်က ကျလာပေမဲ့ လမ်းပျက်ချိုင့်ခွက်ထဲမှာ တင်ကျန်နေခဲ့ရင်း လမ်းသွားလမ်းလာ လူတကာခြေဆေးသွားလို့ နောက်ကျိညစ်ပတ် ဗွက်ဖြစ်ပြီးမှ ခန်းခြောက်ရတဲ့ ‘မိုးရေ’ မျိုးလည်း မဟုတ်ဘူး။ ကျွန်မက … ဟိုးအဝေးကြီးကနေ အရှိန်အဟုန်ပြင်းပြင်း စီးဆင်းလာခဲ့ပြီးမှ ကြီးမားတဲ့ ခွန်အားအဟုန်မျိုးနဲ့ ကျောက်ဆောင်ကျောက်သား ချောက်ကမ်းပါးတွေကိုတောင် ရင်ဆိုင်ပွတ်တိုက် ထိခတ်ပွန်းပဲ့ ပြတ်ရှပြောင်းလဲနိုင်စွမ်းရှိတဲ့ "ရေတံခွန်က ရေမျိုး" ပါ’ ဆိုတဲ့ ဇာမဏီမေ။ အားကိုးရာမဲ့ မိန်းမငယ်လေးတွေ၊ ဘဝလုံခြုံမှု မရှိတဲ့ မိန်းကလေးတွေ၊ အကြောင်း တစ်စုံတစ်ရာကြောင့် ဘဝပျက်ခဲ့ရ၊ ရုန်းရင်းနစ်နေရသေးတဲ့ မိန်းကလေးတွေ၊ ဒီလို အားကိုးရာမဲ့ မိန်းကလေးများစွာကို အင်အားပေးလိုတဲ့ ရည်ရွယ်ချက်၊ ခံစားချက်တွေနဲ့ ပုံဖော်ရေးသားထားတဲ့ ဆရာမပုညခင်ရဲ့ နာမည်ကျော်လက်ရာ စာအုပ်တစ်အုပ်ပါ။