အနောက်တောင်အရပ်မှလာခဲ့သူ

ပုညခင်

3000 Kyats ကျပ်
(၁၉၈၀) ကျော် နှစ်တွေဆီက မန္တလေး ဦးပိန်တံတားကြီးနံဘေးမှာ ရှိတဲ့ အခြေခံလူတန်းစားတွေရဲ့ ကျင်လည်ရာ ဘဝအထွေထွေ ပုံရိပ်တွေ … ။ ရှစ်လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကာလ၊ မတည်မငြိမ် ခေတ်အခြေအနေအတွင်းမှာ မိသားစု ဘဝနေထိုင်ရေးအတွက် ရုန်းကန်ရင်း ဘဝရဲ့ ဒဏ်ရာတွေကို သင်ခန်းစာယူပြီး ရေမဆေးကျောက်တူးသမားဘဝကနေ အောင်မြင်မှု ရရှိလာတဲ့ - ဦးမင်းသစ်နိုင်။ (၂၀၀၈) နာဂစ်ကြောင့် မိဘနဲ့ မောင်နှမတွေကို ဆုံးရှုံးပြီး စိတ်ဓာတ်တွေ အောက်ဆုံးအထိ ကျသွားရာကနေ လောကဓံကို ကြံ့ကြံ့ခံပြီး ခိုင်မာပြတ်သားတဲ့ ခံယူချက်နဲ့ ဘဝကို ကြိုးစားတည့်မတ်ခဲ့တဲ့ အတုယူစရာ မိန်းမသား … သတင်းထောက် မြတ်စောနှင်း။ အဆင်မပြေ နွေးထွေးမှုမရှိတဲ့ မိသားစုဘဝကနေ ဘေးကိုရောက်ပြီး လုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေတဲ့ လူငယ်တစ်ယောက်၊ နောက်တော့ ဘဝကို ကောင်းကောင်းမွန်မွန် ပြန်တည်ဆောက်နိုင်တဲ့သူ … ခေတ်သွေး။ ကဲ … ဒီလို ဇာတ်ကောင်တွေကို ဘယ်လို ဇာတ်လမ်းမျိုးထဲမှာ ဘယ်လိုမျိုး လှလှပပလေး ချိတ်ဆက်ရေးသားပြသွားမလဲ ? ကိုယ့်ရဲ့ လက်ရှိ ဘဝအတွက် အသုံးချဖို့ ဘယ်လို သင်ခန်းစာယူစရာတွေ ရသွားမလဲ ? ဝတ္ထုကပေးတဲ့ ရသက ဘယ်လိုဖြစ်မလဲ ? ဆရာမ ပုညခင်ရဲ့ နာမည်ကြီးလက်ရာဟာ ဘယ်လိုများနေမလဲ ဆိုတာတော့ …