ရောင်းချနည်း စိတ်ပညာ

ပီမိုးနင်း

600 Kyats ကျပ်
လောကမှာ စိတ်နဲ့ကင်းပြီး လုပ်ရတဲ့ အလုပ် မရှိပါဘူး။ အလုပ်တိုင်းမှာ စိတ်ကို သုံးရင် သုံးနိုင်သလောက် ပေါက်ရောက်တွင်ကျယ်နိုင်ပါတယ်။ အလုပ်တစ်ခု လုပ်တဲ့နေရာမှာ စိတ်ကို သွင်းပြီး လုပ်ဆောင်တာကို အာရုံစူးစိုက်တယ်လို့ ခေါ်နိုင်ပါတယ်။ စူးစူးစိုက်စိုက် လုပ်ဆောင်ခြင်းဟာ အောင်မြင်ပေါက်ရောက်စေတဲ့ နည်းလမ်းတွေထဲက တစ်ခုဆိုတာကိုတော့ စာချစ်သူတိုင်း သိပြီးသား ဖြစ်မှာပါနော်။ အခု မိတ်ဆက်ပေးမယ့် ဆရာပီမိုးနင်းရဲ့ စာအုပ်ကလည်း စိတ်ပညာအကြောင်းပါပဲ။ ဘယ်လို စိတ်ပညာလည်းဆိုတော့ ရောင်းချနည်း စိတ်ပညာ။ လွယ်လွယ် ပြောရရင်တော့ ဈေးရောင်းတဲ့အခါ အသုံးဝင်စေမယ့် စိတ်ပညာပေါ့ခင်ဗျာ။ ဈေးရောင်းတဲ့နေရာမှာလည်း လျက်ဆားရောင်းတဲ့နေရာကနေ ရွှေဆိုင်အလယ်၊ ကမ္ဘာနဲ့ချီတဲ့ လုပ်ငန်းကြီးတွေအဆုံး ပါဝင်ပါတယ်။ ဘယ်အရောင်းအဝယ်ကိစ္စမဆို စိတ်ကို အသုံးချပြီး လုပ်ဆောင်ရင် ပိုအကျိုးကြီးပါတယ်။ ပိုအရောင်းတွင်ကျယ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ အချက်တွေဟာ သာမန်တွေးရင်တော့ သိပြီးသားတွေလိုလို၊ အရေးမကြီးသလိုလို ထင်နိုင်ပေမဲ့ လက်တွေ့မှာ တကယ်အရေးကြီးတဲ့ စိတ်ပညာတွေပါပဲ။ အရောင်းအဝယ်တွေနဲ့ မကင်းနိုင်တဲ့ စာချစ်သူတို့အတွက် ဒီစိတ်ပညာတွေဟာ ဖတ်ကို ဖတ်ထားသင့်တဲ့ ကိစ္စတွေမို့ လက်တို့လိုက်ပါတယ်နော်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။