သဲမြညှာ

ပီမိုးနင်

800 Kyats ကျပ်
ခင်မောင်ဟာ ဆပ်အင်စပိတ်တော်ရာထူးကနေ အချခံထားရတဲ့ ပုလိပ်အရာရှိလူထွက်။ သူဟာ သူငယ်ချင်းမောင်ဖေအိမ်မှာ ကပ်နေတယ်။ နောက်ပြီး မောင်ဖေရဲ့ သမီးဖြစ်သူ မမြကိုလည်း အင်္ဂလိပ်စာ သင်ကြားပေးနေတယ်။ ခင်မောင်သတိထားမိတာက မမြဟာ သူ့ကို စိတ်ကစားနေသလို အရမ်းကပ်နေတယ် ဆိုတာပါပဲ။ သူငယ်ချင်းရဲ့ သမီးဖြစ်တာကြောင့် ခင်မောင်ဟာ သူ့စိတ်ကို ထိန်းချုပ်ထားရတယ်။ နောက်ပြီး မမြကို မောင်ဖေက မြို့အုပ်တစ်ဦးနဲ့ သဘောတူထားတယ်။ ဒါပေမဲ့ မမြက မြို့အုပ်ကို ကြောက်သလို ခင်မောင် အကဲခတ်ကြည့်တော့လည်း မြို့အုပ်ဟာ သဘောကျစရာမရှိဘူး။ နောက်ပြီး မမြကို အရိပ်တကြည့်ကြည့်ရှိနေတတ်တဲ့ အောင်ကဲ။ နောက်ပိုင်းမှာ သူတို့ ဘာတွေဆက်ဖြစ်မလဲ…? ဒီဝတ္ထုဟာ ပူလောင်တဲ့ချစ်ခြင်း၊ အေးမြတဲ့ချစ်ခြင်း၊ ဝေခွဲမရတဲ့ ချစ်ခြင်းတွေနဲ့ ပြည့်နှက်နေတာပါ။ ဖတ်ကြည့်စေချင်ပါတယ်။