မိသားစုလက္စြဲ

ပီမိုးနင်း

600 Kyats ကျပ်
လူတိုင်းမှာ မိသားစုဆိုတဲ့ အသိုက်အမြုံ အသိုင်းအဝိုင်း တစ်ခုစီတော့ ရှိကြပါတယ်။ လူဟာ ပတ်ဝန်းကျင် အစုအဝေးနဲ့ စည်စည်ကားကား နေထိုင်တတ်ကြတဲ့ သတ္တဝါအမျိုးအစား ဖြစ်တာကြောင့် မိသားစု ဆိုတဲ့ အဖွဲ့အစည်း တစ်ခုဟာ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို လူ့အသိုင်းအဝိုင်းမှာ နေထိုင်ကြတဲ့အခါ ကိုယ့်မိသားစုအချင်းချင်းဖြစ်ဖြစ်၊ တခြား ဘေးပတ်ဝန်းကျင် မိသားစုတွေနဲ့ဖြစ်ဖြစ်၊ သင့်တင့်လျောက်ပတ်အောင် နေတတ်ထိုင်တတ်ဖို့လည်း အရေးကြီးလှပါတယ်။ ဒီ့အတွက် ဆရာပီမိုးနင်းက ဒီစာအုပ်ကို ရေးသားခဲ့တာပါ။ မိသားစုတစ်စုမှာ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ သားသား၊ မီးမီး၊ ဦးဦး၊ ဒေါ်ဒေါ် စတဲ့ မိသားစုဝင်တွေ ရှိတတ်ကြပါတယ်။ ဒီစာအုပ်မှာ ဆရာပီမိုးနင်းက မိသားစု တစ်ဦးချင်းစီအလိုက် နေထိုင်ပြောဆို ပြုမူလုပ်ဆောင်ရမယ့် ဆောင်ရန် ရှောင်ရန် အခြေခံ လူမှုစည်းကမ်းတွေ၊ အချင်းချင်း ထားရှိအပ်တဲ့ သဘောထား၊ နားလည်မှုတွေ၊ စတာတွေကို ဆောင်းပါးတစ်ပုဒ်ချင်းစီနဲ့ လမ်းညွှန်ရေးသားထားတာမို့ 'မိသားစုလက်စွဲ' ဆိုတဲ့အတိုင်းပါပဲ၊ ဒီစာအုပ်လေးကတော့ မိသားစုတိုင်း မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။