ရေအိုင်ထဲက အကြွေပန်းလေး

ပီပီ

300 Kyats ကျပ်
ကျော်ကျော်က ပရလောက စာအုပ်တွေကိုရေးတဲ့ စာရေးဆရာလေး။ ပြင်ဦးလွင်က သူတည်းနေကျ ဟိုတယ်မှာ တည်းနေတယ်။ ဟိုတယ်နားက ထင်းရှူးတောထဲ ဓာတ်ပုံထွက်ရိုက်တယ်။ အဲဒီမှာ သူက တစ္ဆေလိုလို သရဲလိုလို မိန်းမတစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ ညရောက်တော့ ဟိုတယ်ပိုင်ရှင်ရဲ့သား မိုးမြင့်အာကာရဲ့ အခန်းရှေ့မှာ အဲဒီသရဲမလေးကို ထပ်တွေ့ရပြန်တယ်။ နောက်နေ့မနက်၊ သူ ဈေးထဲသွားမှ ထပ်သိရတာက အဲဒီကောင်မလေးနာမည်က သော်တာဖြစ်ပြီး ပျောက်သွားတာ သိပ်မကြာသေးဘူးတဲ့ ! အဲဒီနောက်၊ သူ့ညီမဖြစ်တဲ့ရတီကို ကျော်ကျော် တွေ့ဆုံလိုက်ရတဲ့အခါ … သော်တာရဲ့ အဖြစ်အပျက် အကြောင်းအရင်းကို စတင်စုံစမ်း ရှာဖွေပါတော့တယ်။ ဖြစ်ပျက်လာတွေကတော့ မဖတ်ဘဲမနေနိုင်အောင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်။