ဝမ်းတွင်းပါ စုန်းမလေး

ပီပီ

300 Kyats ကျပ်
မိချိုချဉ် က ဝမ်းတွင်းပါ စွမ်းရည်နဲ့ မွေးဖွားလာခဲ့သူတစ်ယောက်။ ဒါပေမယ့် သူ့အစွမ်းသူမသိဘူး။ သူနဲ့ အဘင်တော်တယ်ဆိုတဲ့ အဘွားကြီးတစ်ယောက် အိပ်မက်ထဲမှာ လာပြောမှသိရတာ။ သူက သတိမထားမိပေမယ့် တစ်ချိန်လုံး သူ့ရဲ့ စွမ်းရည်တွေနဲ့ လူတွေကို ကူညီနေမိခဲ့တယ်။ အခု သူ့အသက် ၁၈ နှစ်ပြည့်တော့မယ်။ ၁၈ နှစ်ပြည့်ပြီး နောက်ပိုင်း အိမ်ထောင်ပြုသားမွေးလုပ်တဲ့အခါမှာ စွမ်းရည်တွေ ပြောင်းပြန်အကျိုးသက်ရောက်ပြီး အဆိုးတွေပဲဖြစ်စေလိမ့်မယ်တဲ့။ အဲဒီစွမ်းရည်တွေပျောက်ဖို့ ပရလောကသား ၅ ဦးကို ကျွတ်လွတ်အောင်လုပ်ပေးရမယ်တဲ့။ နောက်ပြီး မိစ္ဆာကြီးတစ်ကောင်ကလည်း သူ့ကိုယ်ထဲဝင်ပူးဖို့ ကြိုးစားနေသေးတယ်။ ဝတ္ထုထဲမှာ ဒီလိုစိတ်ဝင်စားစရာတွေအပြင် အရက်သမားသရဲ၊ နတ်ကတော် သရဲ၊ ဆယ်အိမ်ခေါင်းသရဲ၊ ပွဲစားသရဲ၊ ဂေါပကလူကြီး သရဲ စတာတွေကိုလည်း မြင်တွေ့ရဦးမှာပါ။