မိုင်းမိုင် နှင့် တစ္ဆေကျွန်းပြန်

ပီပီ

အခမဲ့
မိုင်းမိုင်က အလုပ်တစ်ခုကို သစ္စာရှိရှိလုပ်တတ်တယ်။ ကိုယ်ကျင့်တရားလည်း ကောင်းတယ်။ စိတ်ဓာတ်လည်း ခိုင်မာတယ်။ သူ့အရင်အလုပ်က လုပ်ငန်းပိုင်ရှင်ရဲ့ မိန်းမကအကျင့်မကောင်းဘဲ ကောက်ကျစ်လို့ မိုင်းမိုင်က သူ့သိက္ခာကို အကျမခံဘဲ အလုပ်ထွက်လိုက်တယ်။ ဝပ်ရှော့ဆရာကိုအောင်မင်းဆီမှာ အလုပ်ပြောင်းလုပ်တယ်။ ထူးထူးဆန်းဆန်းတွေ စကြုံရတာကတော့ ကိုအောင်မင်းရဲ့ ညီမကို ရွာမှာသွားကြိုရာက စတာပဲ။ ကားပျက်ပြီး ဒုက္ခရောက်လို့ တောထဲက အိမ်ကြီးထဲဝင်နေရင်း လူထူးဆန်း ကျွန်းပြန်ကြီးသိမ်းမောင်နဲ့ တွေ့ရတာတွေနဲ့အတူ အထက်လမ်း အောက်လမ်းတွေပါဝင်ပြီး ဇာတ်လမ်းကောင်းတဲ့ ပရလောကဝတ္ထုမို့ သဘောကျကြမှာပါ။ ဒီနေ့အချိန်ရတာနဲ့ ဖတ်ကြည့်လိုက်ဦးနော်...