ညတေစၦ

ပီပီ

200 Kyats ကျပ်
မြိုင်သာယာမြို့စွန်က နှစ်ဆောင်ပြိုင်အိမ်ကြီးက သိပ်နာမည်ကြီးတယ်။ အဝေးကနေကြည့်ရင်တောင် ကြောက်ဖို့ကောင်းတဲ့ အိမ်ကြီးက သရဲခြောက်တယ်လို့ နာမည်ကြီးနေတာပါ။ အဲဒီအိမ်မှာ ဦးကျော်ဖေနဲ့ ဒေါ်ခင်တင့်ဆိုတဲ့ သက်ကြီးရွယ်အိုနှစ်ယောက်နေတယ်။ အစတုန်းကတော့ သူတို့နှစ်ယောက်အပြင် ကျော်ကိုကိုနဲ့ မေဖြိုးကိုတို့ပါနေတယ်။ ဒါပေမဲ့၊ သူတို့နှစ်ယောက်က မတော်တဆမှုတွေကိုယ်စီနဲ့ အိမ်ကြီးထဲမှာပဲ ငယ်ငယ်ရွယ်နဲ့ ဆုံးသွားကြရတယ်။ အဲဒီနောက်ပိုင်း အိမ်ကြီးထဲမှာနေတဲ့ ဦးကျော်ဖေ နာမကျန်းဖြစ်လာလို့ သူနာပြုငှားရတယ်။ ဒါပေမဲ့၊ ဘယ်သူနာပြုမှ တစ်ရက်ထက်ပိုမခံပဲ ထွက်ပြေးကြတယ်။ အဲဒီလိုအိမ်ကိုမှာ ... သူနာပြု ပျိုမေတစ်ယောက် ရောက်သွားတဲ့အခါမှာတော့ … အိမ်ကြီးမှာ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေမလဲ ? ဘယ်လိုချောက်ချားစရာတွေ ကြုံရမလဲဆိုတာ !