ဘာကြောင့်

ပဉ္စမံဒီရိုင်း

600 Kyats ကျပ်
မာနကကြီး၊ ရုပ်ကလေးချောသလောက် အလွန် ဝ ပြီး အစားအသောက် မီးလိုတောက်တဲ့ ဝတ်မှုံဦးကို တစ်ဖက်သက် ချစ်ကြိုက်နေရသူက လင်းမြတ်။ ယောက်ျားပီသ၊ ရုပ်ရည်သန့်ပြန့် တည်ငြိမ်တဲ့ လင်းမြတ်ကို ကြိတ်ပြီး စွဲလန်းနေရသူက စာကြမ်းပိုးလေး အမရာ။ သူတို့ (၃) ယောက်အပြင် ဇာတ်လမ်းမှာ ခပ်ဆိုးဆိုး ခပ်မိုက်မိုက် ကြမ်းကြမ်းရမ်းရမ်း ဇာတ်ကောင်က ကောင်းခန့်ကျော်။သူက အမရာကို တစ်ဖက်သတ် ပိုးပန်းနေရသူ။ သူတို့တွေရဲ့ ချစ်ခြင်းမေတ္တာလမ်းကြောင်းတွေကို တက္ကသိုလ်မြေနောက်ခံထားပြီး ပဉ္စမံဒီရိုင်းရဲ့ သွက်လက်ပြီး လှပတဲ့ ကဗျာဆန်ဆန်စကားလုံးတွေနဲ့ ရေးဖွဲ့ထားတဲ့ 'ဘာကြောင့်'ဝတ္ထုရှည်။