ရူးခါနေအောင်ချစ်ရသူ

ပန်းရောင်စိတ်ကူး

500 Kyats ကျပ်
အသွင်ခြားက ခပ်ဆိုးဆိုးကောင်မလေး၊ ရန်ဖြစ်တာ၊ ဆိုင်ကယ်ပြိုင်တာကအစ သူမပါရင် မပြီးဘူး။ အဲဒီလို ကောင်မလေး က မင်းစစ်သည်ကို အမှန်မထင်တွေ့ပြီး ရင်ခုန်မိသွားတယ်။ ဒါပေမဲ့ စစ် ကို လူကြီးတွေက အသွင်ခြားရဲ့ အစ်မဖြစ်သူနဲ့ လက်ဆက်ပေးဖို့စီစဉ်ထားတာပါ။ နောက်တစ်ယောက်က မိုင်ဝေး ။ သူ့ဘဝက ကြမ်းတမ်းတယ်။ သူဟာ အလုပ် သုံး၊ လေးခု လုပ်နေရသူ။ သူ့ကိုတော့ စစ်မှန်ခြင်းနဲ့ သဘောတူထားတာတဲ့။ စစ်မှန်ခြင်းက စစ်နဲ့ ညီအစ်ကိုတော်တယ်။ သူတို့နှစ်တွဲမှာ ကွာခြားတာတစ်ခုက အသက်အရွယ်တွေပါပဲ။ ဒီလိုနဲ့ သူတို့လေးယောက်ဟာ ဘယ်လိုအခြေအနေတွေမှာ နီးစပ်လာမလဲ? ဘယ်လိုဆက်နွယ်လာမလဲ? ဘယ်လိုရင်ခုန်စရာ၊ စိတ်လှုပ်ရှားစရာတွေနဲ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရမလဲဆိုတာ ဝတ္ထုထဲမှာ ခံစားကြည့်ကြပါဦး။