သစ္စာရှင် ချစ်ဇနီး

ပန်းရောင်စိတ်ကူး

500 Kyats ကျပ်
ထိပ်ခေါင်စံအိမ် က Monster (ခေါ်) ရုန်း။ သူက Monster ဆိုတဲ့ နာမည်နဲ့လိုက်အောင် ကြမ်းတမ်းတယ်၊ ရက်စက်တယ်၊ စိတ်ဖောက်တဲ့အချိန်ဆို လူသတ်ချင်တဲ့အထိဖြစ်တယ်။ မျက်နှာအပါအဝင် တစ်ကိုယ်လုံးမှာလည်း အမာရွတ်တွေနဲ့။ ဒါကလည်း ငယ်ရွယ်စဉ်တုန်းက စိတ်ကျန်းမာရေးမကောင်းတဲ့ အမေဖြစ်သူရဲ့နှိပ်စက်မှုကို အချိန်အကြာကြီးခံခဲ့ရလို့ပါ။ နောက်တစ်ယောက်က ရိုးမြေကျ။ သူက ရုန်း ပိုင်တဲ့ ကာစီနိုမှာ မိထွေးဖြစ်သူရဲ့ ရောင်းစားမှုကို ခံလိုက်ရသူ။ ဒါကို ရုန်း က ကယ်လိုက်တယ်။ ရိုးနဲ့ ပတ်သက်ပြီးတော့လည်း ရုန်း ရဲ့စိတ်ထဲမှာ ထူးဆန်းမှုတွေခံစားနေရတယ်။ အစတုန်းက ရိုးက ရုန်းကို ကြောက်ပေမဲ့ နောက်ပိုင်း ရုန်းရဲ့ အတိတ်ကဖြစ်ရပ်တွေကို သိသွားတဲ့အခါ… ရိုး တစ်ယောက် ရုန်းကို ဘယ်လို ပြုပြင်ပေးမလဲ? ဒီလိုပြုပြင်နေရင်းကနေ ရင်ခုန်သံချင်း အားပြိုင်မိကြမလား? နောက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ သူတို့ရဲ့ မိသားစုရေးရာတွေ... စတဲ့အကြောင်းအရာတွေကို ဒီ ဝတ္ထုထဲမှာ ခပ်မိုက်မိုက်မြင်တွေ့ရမှာပါ။