မိတ်ဆက်လာသော ကောင်မလေးနှင့် အခြားဝတ္ထုတိုများ

ပန်းသီခိုင်

700 Kyats ကျပ်
ဆရာမ ပန်းသီခိုင်က အချစ်လုံးချင်းဝတ္ထုရှည်တွေကို အများဆုံးရေးတတ်တဲ့ စာရေးဆရာမပေမဲ့ ဝတ္ထုတိုလေးတွေကိုလည်း မေ့မထားပါဘူး။ ဆရာမပန်းသီခိုင်ရဲ့ ဝတ္ထုတိုလက်ရာလေးတွေကိုလည်း စာချစ်သူတို့ မကြာခဏ ဖတ်နေကြရတာပါပဲ။ ဒီတစ်ခါ စာချစ်သူတို့ ဖတ်ကြရမှာက ဆရာမရဲ့လက်ရာ ဝတ္ထုတိုစုစည်းမှုလေးပါ။ တိုတိုထိထိ အရသာရှိရှိ ဖတ်ကြရမယ့် ဝတ္ထုတိုလေးတွေက စာချစ်သူတို့ အသည်းထဲ စွဲသွားစေမယ့် ဇာတ်လမ်းလေးတွေပါနော်။ ဒီစာအုပ်ထဲမှာ … မိတ်ဆက်လာသော ကောင်မလေး၊ မိုးကောင်းကင်အောက်မှာ၊ အငိုက်မိပေမဲ့ အရှိုက်မထိအောင်၊ ချစ်လျက်၊ သွန်း၊ စတဲ့ ဝတ္ထုလိုလက်ရာကောင်းတွေ ပါဝင်ပါတယ်။ ခံစားကြည့်လိုက်ရအောင်နော်။