ဦးမင်းအောင်နှင့် ဒုတိယမြောက်နံရိုး

ပန်သုငယ်

500 Kyats ကျပ်
ဦးမင်းအောင် က ပညာအစွမ်းတော်တော်ထက်တဲ့ ဆရာပါ။ တစ်ရက် သူ့ကို ပိုးဥဆိုတဲ့ ဝိညာဉ်တစ်ကောင်က သူ့ကိစ္စတွေကို ဝင်မရှုပ်နဲ့လို့သတိလာပေးတယ်။ သိပ်မကြာဘူး ဦးမင်းအောင်ရဲ့ သူငယ်ချင်းဖြစ်သူ ဦးမြင့်ဆွေက ချောက်ချားစရာကိစ္စတစ်ခု ကြုံရပြီး သေဆုံးသွားတယ်။ ဦးမင်းအောင်က ဒါဟာ ဝိညာဉ်တစ်ကောင်ရဲ့ လက်စားချေခြင်း ခံရလို့ဆိုတာကို ဦးမြင့်ဆွေရဲ့သားဖြစ်သူ ရောင်နီကိုပြောပြတယ်။ သိပ်မကြာပါဘူး ရောင်နီလည်း သူ့အဖေဆုံးသွားတဲ့တိုက်ခန်းမှာ အရမ်းကြောက်ဖို့ကောင်းတဲ့ သရဲမတစ်ကောင်ရဲ့ ခြောက်လှန့်မှုကိုခံခဲ့ရတယ်။ အဲဒီတိုက်ခန်းရဲ့ လှေကားအဆင်းမှာလည်း သူ့ချစ်သူရဲ့ ခေါင်းစည်းပုဝါလေးကို ကောက်ရခဲ့တယ်။ ဦးမင်းအောင်ပြောတာတော့ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ လျှို့ဝှက်နက်နဲမှုတွေရှိတယ်တဲ့…။ အဲဒါက ဘာတွေလဲ? သေချာတာကတော့ ဒီဝတ္ထုက ဖတ်နေရင်းကို ကြက်သီးတဖြန်းဖြန်းထလောက်တဲ့အထိ ကြောက်ဖို့ကောင်းလွန်းတယ်ဆိုတာပါပဲ။