ဒုရဲအုပ် ရွှေကြာယံနှင့် ဝိညာဉ်ချည်တဲ့ကြိုး

ပန်သုငယ်

500 Kyats ကျပ်
ဒုရဲအုပ်ရွှေကြာယံ အကြောင်းတော့ တော်တော်များများ သိပြီးကြပြီ ထင်တာပဲ။ သူက ထက်မြက်သလို၊ တော်လည်းတော်တယ်။ ထူးဆန်းတာက အမှုတစ်ခုခုဖြစ်ရင် သေသူတော်တော်များများက သူ့အိပ်မက်ထဲပဲ ဖြစ်ဖြစ်၊ အာရုံထဲပဲ ဖြစ်ဖြစ် ရောက်လာပြီး အမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို အသိပေးလေ့ ရှိတယ်။ ဒီတစ်ခါ သေတာကတော့ တခြားသူမဟုတ်ဘူး ... ရွှေကြာယံရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ ကိုမင်းထင်ပဲ။ ကိုမင်းထင်ရဲ့ ဝိညာဉ် သတင်း အစအနပေးပုံအရ သူသေတာ သွေးရိုးသားရိုး မဟုတ်ဘူး။ အသုဘမှာလည်း ကိုမင်းထင်ရဲ့ ယောက္ခမကြီး ပုံစံက တစ်မျိုးဖြစ်နေတယ်။ ဒီလိုနဲ့ ကိုမင်းထင်သေဆုံးမှုကို ရွှေကြာယံ ဘယ်လိုဖော်ထုတ်မလဲ၊ လူသတ်တရားခံက ဘယ်သူ ဖြစ်မလဲ ဆိုတာ ... ဆက်ပြီး ဖတ်ကြည့်ကြဦးနော်။