နံ့သာမြိုင်အလွမ်း

ပညာဒီပ

500 Kyats ကျပ်
ဒီစာအုပ်က မြန်မာနဲ့ တိဗက်နယ်စပ်ကို အခြေခံပြီးရေးထားတာ။ ဇာတ်လမ်းအစက မြန်မာလူမျိုးဖြစ်တဲ့ နီမောင်နဲ့ တိဗက်သွေးဖြစ်တဲ့ ဟေမာတို့နှစ်ယောက်အကြောင်း။ နောက်ပိုင်းမှာတော့ သူတို့တင်မကပါဘူး။ တောထဲမှာ နီမောင်ခင်ခဲ့ရတဲ့၊ ကျွဲတစ်ကောင်လုံးကိုတောင် လက်နဲ့လှဲပြီးအနိုင်ယူနိုင်တဲ့ ဒီပက။ ပြီးတော့ တောထဲက ဂျပန်ခေတ်ရတနာတွေ၊ အဲဒီရတနာတွေကို ကာကွယ်ပေးနေတဲ့ ထူးထူးဆန်းဆန်း သတ္တဝါတွေကို မြင်တွေ့ရမှာပါ။ ရာဇဝင်တွေ၊ သိုက်စောင့်မြွေတွေနဲ့ ထူးဆန်းတဲ့အကြောင်းအရာတွေ ဖတ်ရတာကြိုက်ရင် ဒီဝတ္ထုကိုသာ ဖတ်ကြည့်ပါ။